Monday, January 05, 2015

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် ပြုလုပ်



မဲဆောက်
ဇန်န၀ါရီလ ၅ ရက် ၂၀၁၄ ခုနှစ်

ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်ကျေးရွာရှိ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်း၌  ပြုလုပ်ခဲ့ကြသည်။ 

ယခုအခမ်းအနားတွင် အာလူးကောက်ပြိုင်ပွဲ၊ ခရမ်းသီးရမ်း ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ။ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းပြိုင်ပွဲများ စသည့် အားကစားပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် လွတ်လပ်ရေးနေ့အခမ်းအနားကို စံပယ်ဖြူနေ့ကလေးထိန်းကျောင်း၌ နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

စံပယ်ဖြူ နေ့ကလေးထိန်းကျောင်းကို ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ စံပယ်ဖြူနေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းကလေးငယ်များ၏ ဘ၀ လုံခြုံတိုးတက်စေရန်နှင့် ကလေးငယ်များ၏ မိဘဖြစ်သူများ လုပ်ငန်းခွင်အတွင်း  နောက်ဆံမတင်းစေဘဲ လွတ်လပ်စွာဖြင့်  အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment