Friday, February 13, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အခမ်းအနား မဲဆောက်မြို့တွင် ပြုလုပ်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ဘန့်ဆောင်ခွဲကျေးရွာ ကောင်းကင်ပြာကျောင်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အခမ်းအနားနှင့် သွေးလှူခြင်းတို့ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ကြသည်။
 
အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိများ ပြောကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြပြီး၊ ကလေးငယ်များ စကားရည်လုပွဲ၊ ချောတိုင်တက်ပွဲနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
 
အခမ်းအနားပြီးဆုံးပြီးနောက် ဒေါက်တာစင်သီယာမောင်ဖွင့်လှစ်ထားသော မယ်တော်ဆေးခန်းသို့ သွားရောက်ကာ သွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့သည်။
 
အဆိုပါအခမ်းအနားသို့ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့ တက်ရောက်ခဲ့ပြီး လူဦးရေ ၂၀၀ နီးပါး ရှိသည်။
YCOWA

0 comments:

Post a Comment