Saturday, February 21, 2015

အလုပ်သမား သပိတ်စခန်း ဖြိုခွဲခံရ

မဲဆောက်
ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၅ ခုနှစ်

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုနေသည့် အလုပ်သမားများ၏ သပိတ်စခန်းကို ဇန်န၀ါရီလ ၂၁ ရက် ၂၀၁၅ ခုနှစ် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ရဲအင်အား ၂၀၀ ခန့်က လာရောက်ဖြိုခွဲသည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အလုပ်သမားအချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ညနေ ၄ နာရီခွဲက အလုပ်သမားသပိတ်စခန်းဖွင့်လှစ်ထားသည့် Forglory စက်ရုံသို့ ရဲ ၈၀ ခန့်က အင်အားသုံးဖြေရှင်းကာ သပိတ်စခန်းကို ဖယ်ရှားလိုက်ကြောင်း သိရသည်။
ညနေ ၅ နာရီဝန်းကျင်တွင် Costec စက်ရုံမှ အလုပ်သမားဖွင့်လှစ်ထားသော သပိတ်စခန်းကို အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။

ညနေ ၅ နာရီ ၄၀ ခန့်တွင် E-Land Myanmar စက်ရုံရှေ့ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ၀င်ရောက်ဖယ်ရှားရာမှာ အလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ရဲကားတစီးနှင့် ရဲများခေါ်လာသည့် လိုင်းကားတစီး ပျက်စီးသွားကြောင်း သိရသည်။

အလုပ်သမား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment