Sunday, March 08, 2015

ဖုတ်ဖရမြို့နယ်တွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ စကားဝိုင်း ပြုလုပ်


မဲဆောက်
မတ်လ ၈ ရက် ၂၀၁၅ ခုနှစ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် ၄၂ ကီလီမီတာရှိ learning Center တွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တောင်ယာအလုပ်သမားများအတွက် စကားဝိုင်းတခုကို မတ်လ ၇ ရက် ၂၀၁၅ ခုနှစ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါစကားဝိုင်း၌ ထိုင်းနိုင်ငံတော် ငြိမ်းချမ်းရေးကောင်စီမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြုလုပ်ပေးနေသော ပန်းရောင်ကဒ်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ပန်းရောင်ကဒ်ကိုင်ဆောင်ထားပြီး ပတ်စပို့ မလျှောက်ထားပါက လာမည့် ဧပြီလအတွင်း သက်တမ်းတိုးမည့် အစီအစဉ်တွင် ပါဝင်နိုင်ခြင်း မရှိဟု ရွှေ့ပြောင်းအလုပ်သမားရေးရာလုပ်ဆောင်နေသူတဦးက ပြောသည်။
ပန်းရောင်ကဒ် သက်တမ်းမှာ မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပါသောကြောင့် ပတ်စပို့လျှောက်ထားရာတွင် မတ်လ ၃၁ ရက် နေ့ မကုန်ခင် လျှောက်ထားရမည့် အကြောင်းများကို ဆွေးနွေးဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့မှ လိုက်ပါဆွေးနွေးခဲ့သူ ကိုစိုးမိုးက ပြောဆိုခဲ့သည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် လစဉ် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် စကားဝိုင်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်းများ၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ အလုပ်သမားရေးရာစာစောင်များ၊ ဆေးခန်း၊ ခေတ္တခိုလှုံရာနေအိမ်များ ထားရှိ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါစကားဝိုင်းသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment