Wednesday, August 05, 2015

၃ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြု သင်တန်း ပြုလုပ်


မဲဆောက်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ရောင်ခြည်ဦးအလုပ်သမားများ ဖွင့်လှစ်ထားသော ခေတ္တခိုလှုံရာနေအိမ်၌ ၃ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးသင်တန်းကို မေလ ၇ ရက် ၂၀၁၅ ခုနှစ်မှ မေလ ၉ ရက် ၂၀၁၅ ခုနှစ်အထိ သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာအထောက်အကူပြုဌာနမှ ကိုစိုးမိုးက ယခုလို ပြောဆိုခဲ့သည်။

“ဒီလိုသင်တန်းပြုလုပ်ရခြင်းကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုဟာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို မသိရှိကြတဲ့အတွက် သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်။ ဒီလိုအခွင့်အရေးတွေ ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခွင့်အရေးတွေကို သိစေချင်လို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကိုယ့်အခွင့်အရေးကို သိရင် ဆုံးရှုံးနေတာတွေကို ပြန်လည် ရရှိအောင်လို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုဟာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖေါက်ခံနေရတယ်။ ဒီလိုချိုးဖေါက်ခံရမှုတွေ လျော့နည်းသွားအောင်ရယ်၊ ကိုယ့်မှာ ရှိတဲ့အခွင့်အရေးတွေကို တောင်းဆိုတတ်လာအောင်ရယ်ဆိုပြီး သင်တန်းတွေ ပြုလုပ်ရတာဖြစ်ပါတယ်။”

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment