Tuesday, May 05, 2015

မေဒေးနေ့အခမ်းအနား Sky Blue ကျောင်းတွင် ပြုလုပ်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ Sky Blue ကျောင်းတွင် မေလ ၁ ရက်နေ့တွင် ကျရောက်သော မေဒေးနေ့အခမ်းအနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေမှ အဖွင့်အမှာစကားနှင့် မေးဒေးနေ့ကျင်းပရပုံ ပြောကြားခြင်း၊ ကဗျာဆရာ မောင်လွမ်းဏီမှ အလုပ်သမားများအား ဟောပြောခြင်းနှင့် အလုပ်သမားတဦးမှ ရင်ဖွင့်စကားပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မေဒေးနေ့အခမ်းအနားသို့ တောင်ယာအလုပ်သမားများ၊ စက်ရုံအလုပ်သမား ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment