Wednesday, April 22, 2015

နစ်နာကြေးရရှိသော SD Fashion စက်ရုံအလုပ်သမားများအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြု


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ SD Fashion မှ နစ်နာကြေး ရရှိသော အလုပ်သမားများအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုပွဲ အခမ်းအနားကို ဧပြီလ ၁၀ ရက် ၂၀၁၅ ခုနှစ်တွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော အလုပ်သမားရိပ်သာတွင် ပြုလုပ်ခဲ့ကြသည်။
 
SD Fashion စက်ရုံမှ အလုပ်သမားများသည် မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်မှ ဧပြီလ ၉ ရက် ၂၀၁၅ ခုနှစ် မိမိတို့ရရှိသင့်သော နစ်နာကြေးကို ရရှိအောင်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်သည်ဟု သိရသည်။
 
အဆိုပါအခမ်းအနားတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေမှ မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ၊ လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်မှုများနှင့် ယခုကဲ့သို့ နစ်နာကြေးရရှိသောအလုပ်သမားများအတွက် ၀မ်းသာဂုဏ်ယူကြောင်းကို ပြောဆိုအားပေးခဲ့ပြီး၊ နစ်နာကြေးရရှိသော အလုပ်သမားကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာအသီးသီးကို ပေးအပ်ခဲ့သည်။
 
၎င်းနောက် SD Fashion စက်ရုံမှ အလုပ်သမားများက ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အတွက် ဆောင်းဘောက်တစုံနှင့် စက်ပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
 
အဆိုပါ SD Fashion စက်ရုံမှ အလုပ်သမား ၅၂ ဦးအတွက် ဘတ်ငွေ ၈၃၇၆၅၂ ဘတ် ရရှိခဲ့ပြီး၊ လာမည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ကျန် ရှိနေသေးသည့် အလုပ်သမား ၅ ဦးအတွက် အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒီကန်) တွင် သွားရောက် ထုတ်ယူရန် ကျန်ရှိသေးသည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment