Wednesday, April 22, 2015

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မဲဆောက်မြန်မာအလုပ်သမားများ စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ ပြုလုပ်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ၀ပ်ပါကောင်း(တောရဘုန်းကြီးကျောင်း) တွင် ဧပြီလ ၅ ရက် ၂၀၁၅ ခုနှစ်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဦးဆောင်၍ မဲဆောက်မြန်မာအလုပ်သမားများနှင့်အတူ စုပေါင်းရဟန်းခံရှင်ပြုကို ပြုလုပ်ခဲ့ကြသည်။
 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဖွင့်လှစ်ထားသော အလုပ်သမားရိပ်သာမှ ၀ပ်ပါကောင်း(တောရဘုန်းကြီးကျောင်း) အထိ ကားများဖြင့် စီတန်းလှည့်လည်ခြင်းကို ပြုလုပ်ခဲ့ပြီး၊ ကျွဲအကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် တီးဝိုင်းများဖြင့် တီးမှုတ်ဖျော်ဖြေကာ စီတန်းလှည့်လည်ခဲ့ကြသည်။ 
 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် စုပေါင်းရဟန်းခံ ပြုလုပ်ရခြင်းမှာ မိမိတို့မြန်မာနိုင်ငံသားများ၏ ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကို မေ့ပျောက်ခြင်းမရှိစေရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
 
အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုတွင် မဲဆောက်မြို့မှ မြန်မာအလုပ်သမားများဖြစ်ကြပြီး၊ အချို့ ငွေကြေး မတတ်နိုင်သူများကိုပါ ကုသိုလ်ဒါန ပြုခဲ့ကြသည်။ ၄င်းစုပေါင်းရဟန်းခံရှင်ပြုတွင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့သည် ရဟန်းမှာ ၇၄ ပါး ဖြစ်သည်ဟု သိရသည်။























YCOWA

0 comments:

Post a Comment