Monday, March 09, 2015

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မယ်တောင်တိုက်ကျေးရွာတွင် တောင်ယာစကားဝိုင်း ပြုလုပ်


မဲဆောက်
မတ်လ ၉ ရက် ၂၀၁၅ ခုနှစ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်တိုက်ကျေးရွာတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် မတ်လ ၈ ရက် ၂၀၁၅ ခုနှစ်က တောင်ယာစကားဝိုင်းတခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါစကားဝိုင်း၌ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးကောင်စီမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ်(ပန်းရောင်ကဒ်) အကြောင်းနှင့် အိမ်အတွင်းအကြမ်းဖက်ခံရမှု အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် စံပယ်ဖြူနေ့ကလေးထိန်းကျောင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစကားဝိုင်းသို့ တက်ရောက်သူ တောင်ယာအလုပ်သမား ၁၃ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment