Wednesday, August 05, 2015

လူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားမှု တနင်္ဂနွေဈေးတွင် ပြုလုပ်


မဲဆောက်

ဇွန်လ ၂၂ ရက် ၂၀၁၅ ခုနှစ်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်တောင်မိုင်ကျေးရွာရှိ တနင်္ဂနွေဈေးတွင် လူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ဇွန်လ ၂၁ ရက် ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ NGOs များ CBOs အဖွဲ့များက ဦးဆောင်ပြုလုပ်ရာတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အဆိုပါလူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် လူကုန်ကူးခံရသည့်အခြေအနေများ၊ လူကုန်ကူးမှုနှင့်ပက်သက်သော မေးခွန်းများ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပဒေရေးရာအထောက်အကူပြုဌာနမှ ကိုစိုးမိုးက ပြောသည်။

အဆိုပါလူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို NGOs၊ CBOs များဖြင့် ဖွဲ့စည်းထားသော လူကုန်ကူးမှုဆန်ကျင်ရေးကွန်ယက်အဖွဲ့မှ ပြုလုပ်ခဲ့သည်။
YCOWA

0 comments:

Post a Comment