
မဲဆောက်
ဘန်ကောက်မြို့ တလားဘန်ဘောဈေးအနီး JNC ကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်အတွင်း မတော်တဆမှုတခု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ 16-12-2014 နေ့တွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာနေထိုင်သူ အဘဦးတင်ရွှေ အမိ ဒေါ်အုန်းကြည်တို့၏ သားထွေး မောင်လွှမ်းမိုးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပန်းရံလုပ်ငန်းလုပ်ကိုင်နေသည့် အမြင့်တနေရာမှ ပြုတ်ကျခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့တွင်ပင် ဘန်ကောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။ 17 ရက်နေ့ ညနေ 3 နာရီ 15 မိနစ်တွင် ဘန်ကောက်ဆေးရုံတွင် သေဆုံးသွားခဲ့ပါသည်။ ထိုဖြစ်စဉ်အား ကာယံကံရှင်မိသားစုမှ ရောင်ခြည်ဦးရုံးသို့ 25.12.2014 နေ့တွင် အကူအညီပေးပါရန် လာရောက်တိုင်တန်းခဲ့သဖြင့် မဲဆောက် လူမူဖူလုံရေးရုံးတွင် ရောင်ခြည်ဦးနှင့် ထိုင်းအလုပ်သမားဥပဒေရေးရာအဖွဲ့တို့မှ တာဝန်ယူပြီး သွားရောက်အမူဖွင့် တိုင်ကြားခဲ့သည်။
မဲဆောက်လူမူဖူလုံးရေးရုံးမှ လုပ်ငန်းရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးရာ လုပ်ငန်းရှင်မှ သေဆုံးသူ မောင်လွှမ်းမိုး ၏ နစ်နာကြေးအား အမှုတိုင်ပြီး ၇ လခန့်အကြာ 17.7.2015 နေ့တွင် ရရှိခဲ့ပါသည်။
JNC ဆောက်လုပ်ရေးကုမ္ပဏီမှ မဲဆောက်လူမူဖူလုံရေး ရုံးတွင် နစ်နာကြေးစုစုပေါင်း ဘတ်ငွေ (250000) ကို မောင်လွှမ်းမိုး၏ မိခင်ဖြစ်သူ ဒေါ်အုန်ကြည် အား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တာဝန်ခံများရှေ့မှောက်တွင် ပေးအပ်ခဲ့ပါသည်။
YCOWA
0 comments:
Post a Comment