Wednesday, August 05, 2015

တောင်ယာစကားဝိုင်း


 မဲဆောက်

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တောင်ယာစကားဝိုင်းအား မာလီစက်ရုံအလုပ်သမားများနှင့် ဖာ့ထေ့ ဖာဒဲရပ်ကွက်၊ ရခိုင်းဘုန်းကြီးကျောင်းဝင်းအတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ထိုဆွေးနွေးပွဲသို့ အလုပ်သမား စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးနှင့် သက်ဆိုင်သည်များကို အဓိကထားဆွေးနွေးခဲ့ပါသည်။ ေ

ရာင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုစိုးမိုး၊ ကိုမျိုးကို၊ မအိ၊ မသူဇာကြိုင်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ထိုင်းအလုပ်သမားဥပဒေနှင့် အလုပ်သမား အခွင့်အရေးအကြောင်း သိလိုသည်များကို အလုပ်သမားများမှ ဆွေးနွေးပြောဆိုပေးပါရန် ဖိတ်ခေါ်သဖြင့် ကျင်းပပြုလုပ်ရသော စကားဝိုင်းတခုလည်းဖြစ်ပါသည်။ အလုပ်သမားများမှ စက်ရုံတွင်း အခွင့်အရေး တန်းတူညီမျှ မရရှိသည့်အကြောင်းရပ်အား အဓိကထားမေးမြန်းဆွေးနွေးခဲ့ကြပြီး ရောင်ခြည်ဦးဥပဒေရေးရာတာဝန်ခံ ကိုစိုးမိုးမှ အလုပ်သမားများ သိလိုသည့်အချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့။

 ဆွေးနွေးပွဲအား နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
YCOWA

0 comments:

Post a Comment