
မဲဆောက်
စီးပွားရေး မိသားစုအရေး မပြေလည်မှုများကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သည့်နည်းဖြင့် ဖြေရှင်းခဲ့ရရှာသော ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဖားထေ့ကျေးရွာတွင်နေထိုင်သူ ကွယ်လွန်သူ ကိုဇော်ဝင်း အသက် ၂၉ နှစ်၏ ဈာပနအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်၍ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
တိုင်းပြည်၏ အဆင်မပြေမှုကြောင့် တဖက်နိုင်ငံတွင် ဆင်းရဲချို့တဲ့စွာ လုပ်ကိုင်စားသောက်နေကြရသော အလုပ်သမားများ၏ ဘ၀သည် စာနာဖွယ်ဖြစ်ပါသည်။ သို့သော်လည်း ထိုကဲ့သို့သော အဆင်မပြေမှုများအား ဘ၀ကိုအရှုံးပေးသည့်နည်းများဖြင့် အဆုံးမသတ်ကြစေလိုဘဲ အလုပ်သမား ညီအကိုမောင်နှမအချင်းချင်း ကူညီရိုင်းပင်းမှုများ စည်းလုံးချစ်ခင်မှုများဖြင့် ကျော်ဖြတ်နိုင်ပါစေကြောင်းနှင့် ကွယ်လွန်သူအား ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဆုတောင်းလိုက်ပါသည်။
YCOWA
0 comments:
Post a Comment