Monday, July 04, 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်း


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ စက်ချုပ်သင်တန်း အမှတ်စဉ် ၂/၂၀၁၅ ကို သြဂုတ်လ ၂၁ ရက်နေ့မှ စတင်၍ ရောင်ခြည်ဦးအလုပ်သမားများ ခိုလှုံရာအိမ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသားသင်တန်းသူ စုစုပေါင်း (၁၀) ဦးတက်ရောက်ကြပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးကိုမျိုးမှ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဦးကိုမျိုးမှ "ကျွန်တော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာ စက်ချုပ်ရုံတွေက ပိုပြီးများပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်အဆင်ပြေစေဖို့နဲ့ ထိုင်းနိုင်ငံကနေ မိခင်မြန်မာပြည်ကို ပြန်သွားခဲ့ရင်လည်း အတတ်ပညာတခုခုပါသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ရတာလည်းဖြစ်ပါတယ်။ အခုဆိုရင် ၂၀၁၅ ခုနှစ်အတွင်းမှာ (၂) ကြိမ်ရှိသွားပြီဖြစ်ပြီး နောက်ထပ်ဆက်လက်ဖွင့်လှစ်ဖို့ အစီအစဉ်တွေလည်းရှိပါသေးတယ်" ဟု ရောင်ခြည်ဦး မီဒီယာသို့ ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး အလုပ်သမားတဦးမှလည်း "ကျွန်မတို့အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပိုများတဲ့ ထိုင်းနိုင်ငံကို လာခဲ့ရပေမယ့် ဒီမှာက ဘာအတတ်ပညာတခုခုမှ မတတ်ရင် ရတဲ့ လုပ်ခလစာကနည်းပါတယ်။ ဒါကြောင့် ရောင်ခြည်ဦးက ဖွင့်တဲ့သင်တန်းအကြောင်းကို ကျွန်မနေထိုင်တဲ့ ရပ်ကွက်ထဲကတဆင့် သိရပြီး လာရောက်တက်တာဖြစ်ပါတယ်" ဟုလည်း ပြောဆိုခဲ့ပါသည်။ သင်တန်းမှာ အခြေခံစက်ချုပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းကာလမှာ (၁) ပတ်တိတိ ကြာမည်ဖြစ်ပါသည်။ (ဓာတ်ပုံ - -ရောင်ခြည်ဦးမီဒီယာ)


0 comments:

Post a Comment