Monday, July 04, 2016

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ အခွင့်အရေးသင်တန်း


ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရည်ရွယ်ဖွင့်လှစ်သော အခွင့်အရေးသင်တန်း အမှတ် ၅/၂၀၁၅ ကို စက်တင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီတွင် ရောင်ခြည်ဦး အလုပ်သမားများရုံးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသို့ မယ်တောင်တိုက်နယ်မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၂ ဦးတက်ရောက်ခဲ့ကြပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးမျိုးကို? ဦးစိုးမိုးနှင့် ဒေါ်သူဇာကြိုင်တို့မှ သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ သင်တန်းပို့ချချက်များတွင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ကျားမ တန်းတူအခွင့်အရေးများ ပါဝင်မည်ဖြစ်ပါသည်။ သင်တန်းနည်းပြဖြစ်သော ဦးမျိုးကိုမှ "ကျွန်တော်တို့ အခုလို သင်တန်းဖွင့်လှစ်ရတာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ တာဝန်နဲ့ အခွင့်အရေးဆိုတာ ခွဲခြားသိမြင်ဖို့ရယ်၊ အခွင့်အရေးနဲ့ ပတ်သက်တာတွေကို သေသေချာချာ သိမြင်ဖို့ရယ်၊ အလုပ်သမားထုကြားထဲမှာလည်း အသိပညာတိုးပွားဖို့ရယ်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်" ဟု ရောင်ခြည်ဦးမီဒီယာသို့ ပြောကြားသွားခဲ့ပါသည်။ သင်တန်းကာလမှာ ၃ ရက်တိတိကြာမြင့်မည်ဖြစ်ပါသည်။
 
 

0 comments:

Post a Comment