Monday, July 04, 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်း


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၁၅ ကို စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ ရောင်ခြည်ဦးအလုပ်သမားများ ခိုလှုံရာအိမ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသားသင်တန်းသူ စုစုပေါင်း (၁၀) ဦးတက်ရောက်ကြပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးကိုမျိုးမှ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဦးကိုမျိုးမှ "အခုတခေါက်သင်တန်းမှာတော့ သင်တန်းသားတွေ ပိုများပြီး အသက်အရွယ်ငယ်တဲ့သူတွေလည်းပါပါတယ်။ စိတ်ဝင်တစားလည်း သင်ကြားကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဆက်လက်ပြီးတော့လည်း သင်တန်းဖွင့်သွားဖို့ အစီအစဉ်တွေလည်း ရှိပါသေးတယ်" ဟု ရောင်ခြည်ဦး မီဒီယာသို့ ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး အလုပ်သမားတဦးမှလည်း "ကျွန်တော်က အခုလောလောဆယ်တော့ အလုပ်မရှိသေးဘူး။ ဒါပေမယ့် ဒီစက်ချုပ်သင်တန်းပြီးသွားရင်တော့ သူငယ်ချင်းတွေရှိတဲ့ စက်ချုပ်ရုံတွေမှာ အလုပ်ဝင်သွားဖို့ရှိပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်လည်း စက်ချုပ်အလုပ်နဲ့ လုပ်ငန်းထူထောင်ဖို့ရှိပါတယ်" ဟုလည်း ပြောဆိုခဲ့ပါသည်။ သင်တန်းမှာ အခြေခံစက်ချုပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းကာလမှာ (၁) ပတ်တိတိ ကြာမည်ဖြစ်ပါသည်။ (ဓာတ်ပုံ - -ရောင်ခြည်ဦးမီဒီယာ)
 
 
 
 

0 comments:

Post a Comment