Monday, July 04, 2016

လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြုသင်တန်း


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်သော လူအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် လိင်နှင့် လိင်ကွဲပြားမှုအခြေပြု သင်တန်း အမှတ်စဉ် ၆/၂၀၁၅ ကို ၁၂-၉-၂၀၁၅ (စနေနေ့) မှ စတင်၍ မဲဆောက်မြို့ တက်စကိုလိုတပ်စ် ကုန်တိုက်ကြီးအနီးရှိ ဆောင်ခွဲဆောင်ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသားသင်တန်းသူဦးရေ (၁၃) ဦးတက်ရောက်ခဲ့ပြီး ရောင်ခြည်ဦးမှ နည်းပြဆရာများဖြစ်သော ဦးမျိုးကိုနှင့် ဦးစိုးမိုးတို့မှ သင်ကြားပို့ချပေးခဲ့ကြပါသည်။ သင်တန်းတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စများ၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့်အကြောင်းအရာများအပြငိ သင်တန်းနားချိန်များတွင်လည်း အခြားသော ဗဟုသုတရဖွယရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းတက်ရောက်သူတဦးမှ "အခုလို ရောင်ခြည်ဦးက လာရောက်ပို့ချပေးတဲ့ သင်တန်းကို တက်လိုက်ရတဲ့အတွက် ကိုယ်မသိသေးတဲ့ အလုပ်သမားအကြောင်းအရာတွေ သိရှိသွားတယ်၊ တခြား အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုလည်း သိသွားတယ်။ အဲဒါကြောင့် ဒီလို သင်တန်းမျိုးတွေကို အဆင်ပြေရင် တက်ချင်ပါသေးတယ်" ဟု ပြောကြားသွားခဲ့ပါသည်။ သင်တန်းနည်းပြ ဦးမျိုးကိုမှလည်း "ဒီတခေါက်သင်တန်းကိုတော့ သင်တန်းပြီး လက်မှတ်တွေ စပြီး ချီးမြှင့်နိုင်ခဲ့ပါတယ်။ သင်တန်းသားသင်တန်းသူတွေလည်း ပါဝင်ဆွေးနွေးအား အင်မတန်ကောင်းပါတယ်။ အလုပ်သမားတွေကြားထဲမှာ အခွင့်အရေးနဲပ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရှိဖို့ အလွန်အရေးကြီးပါတယ်။" ဟု ရောင်ခြည်ဦး မီဒီယာ ပြောကြားသွားခဲ့ပါသည်။ သင်တန်းကို ၁၂-၉-၂၀၁၅ မှ ၁၄-၉-၂၀၁၅ ထိ ၃ ရက်တိုင် ပြုလုပ်ခဲ့ပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ်များကိုလည်း သင်တန်းသား သင်တန်းသူ တဦးချင်စီအား ချီးမြှင့်ခဲ့ပါသည်။ (ဓာတ်ပုံ - ရောင်ခြည်ဦးမီဒီယာ)
 
 

0 comments:

Post a Comment