
MAP Radio အစီအစဉ်တွင် ဗုဒ္ဓဟူးနေ့တိုင်းပါဝင်တင်ဆက်မည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ အသံလွှင့်မှုကို ၂၀ ရက် ဇန်န၀ါရီလ ၂၀၁၆ ခုနှစ် ယနေ့တွင် စတင်ခဲ့ပါသည်။ အစီအစဉ်တွင် ရောင်ခြည်ဦး ဥပဒေရေးရာဌာနမှ ကိုစိုးမိုး၊ မသူဇာကြိုင်တို့မှ အလုပ်သမားလက်မှတ်ကိစ္စကို တင်ဆက်ခဲ့ပြီး ရောင်ခြည်ဦး မီဒီယာအဖွဲ့မှ ကိုသီဟမောင်မောင်က ရောင်ခြည်ဦးအလုပ်သမားရေးရာ လစဉ်ထုတ်ဂျာနယ်နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပါသည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင်လည်း အလုပ်သမားများနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အလုပ်သမားရေးရာကိစ္စရပ်များအပြင် ရောင်ခြည်ဦး အလုပ်သမားရေးရာစာစောင်တွင် အသစ်တင်ဆက်မည်ဖြစ်သော ကဏ္ဍသစ်များအကြောင်းကိုလည်း မိတ်ဆက်ပြောကြားသွားမည်ဖြစ်ပါသဖြင့် MAP Radio အစီအစဉ် 102.5 MHz တွင် နံနက် ၁၀း၀၀ နာရီမှ ၁၁း ၀၀ နာရီအတွင်း စောင့်မျှော်နားသောတဆင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။



0 comments:
Post a Comment