Monday, July 04, 2016

ရောင်ခြည်ဦး အလုပ်သမာျးအဖွဲ့မှ ဦးဆောင်၍ တရားပွဲကျင်းပ


ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှဦးဆောင်၍ကျင်းပသော တရားပွဲကို မယ်တောင်ဖတ်ကျေးရွာ၊ ဖာတောင်းရပ်ကွက်ရှိ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှတည်ထောင်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် ၃၁ ရက် ဇန်န၀ါရီလ ၂၀၁၆ ခုနှစ် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တရားပွဲသို့ ဆရာတော် အရှင်နန္ဒိယ (ဓမ္မာစရိယ) မှ နိဗ္ဗာန်ရောက်ကြောင်း တရားများအား ရွှေ့ပြောင်းမြန်မာအလုပ်သမားများသို့ ချီးမြှင့်ခဲ့ပါသည်။ တရားပွဲသို့ ရောင်ခြည်ဦးမိသားစုဝင်များအပြင် မယ်တောင် အနီးဝန်းကျင်တွင်ရှိသော တနိုင်တပိုင်အိမ်စက်ရုံများမှ အလုပ်သမားများ၊ SR စက်ရုံ၊ လက်ဆွဲအိတ်စက်ရုံ၊ ဗိုက်ပူရုံ၊ TK ကြီးစက်ရုံများမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ၀န်းကျင်ခန့် တက်ရောက်တရားနာယူခဲ့ကြပါသည်။ ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်းတရားများအပြင် အလုပ်သမားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ကောင်းမွန်သောစေတနာတရားများ ထားတတ်ရန် စသည့် လူမှုကျင့်ဝတ်များကိုလည်း ထည့်သွင်းဆုံးမဟောကြားသွားခဲ့ပါသည်။ လာရောက်တရားနာယူကြသော အလုပ်သမားများအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ည ၁၁း၀၀ နာရီတွင် တရားပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
 
 
 
 

0 comments:

Post a Comment