
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်ပြည့်မွေးနေ့အခမ်းအနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ စပယ်ဖြူနေ့ကလေးထိန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မယ်တောင်ကျေးရွာ အနီးဝန်းကျင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ တောင်ယာလုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုများ၊ ရောင်ခြည်ဦးအဖွဲ့ဝင်များ၊ စပယ်ဖြူနေ့ကလေးထိန်းကျောင်းကော်မတီဝင်များနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို အစီအစဉ် ၇ ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ လက်ထောက်ဥပဒေရေးရာတာဝန်ခံ မသူဇာကြိုင်မှ ဆောင်ရွက်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအကျဉ်းချုပ်ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုသီဟမှ ပြောကြားခဲ့ပြီး ကလေးငယ်များ ပျော်ရွှင်စွာကစားခြင်း အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။





0 comments:
Post a Comment