Monday, January 30, 2017

ဦးကိုနီ လုပ်ကြံခံရစဉ် အနီးကပ်ရှိခဲ့သူ သမီးဖြစ်သူ ပြောကြားချက်

“အဲ့ဒီမှာ ဒိုင်း ဆိုတဲ့ အသံကြားတာ ကြားလို့ ကျမ ဖုန်းချပြီး ကားဘီးပေါက်တာ တခုခုဖြစ်တယ်လို့ဘဲ ကျမ ထင်လိုက်တာ အဲဒီမှာ ရှေ့မှာကလည်း ကားကလည်း တစီးကကွယ်နေတော့ ကျမလှမ်းကြည့်လိုက်တဲ့အချိန်မှာ အဖေကလည်း လဲနေတယ် အဖေကလဲပြီး ကလေးက ဟိုဘက်မှာ ကုန်းကုန်းကလေးဖြစ်နေတယ် အဲဒါနဲ့ ဆိုတော့ ကျမအရမ်း ပူထူသွားတယ် ကျမအဖေ ကျမ အဖေ ဆိုပြီးတော့ ထွက်ပြေး သွားတာ သွားတဲ့အချိန်မှာ အဖေက ငြိမ်နေပါတယ် ဟို မကြေနပ်တဲ့လူလည်း ရှိမှာပေါ့နော် အများကြီးရှိမှာပေါ့ သူက ပြီးတော့ ကျမတို့က ဘာသာခြားဖြစ်နေတာကို ကျမတို့က ဘာသာခြားဖြစ်နေတော့ အဲ့ဒီအပေါ်မှာ မလိုမုန်းထားတဲ့သူတွေလည်းအရမ်းများပါတယ် ဆိုတော့ အဲ့ဒါဟာတွေနဲ့ဖြစ်မှာပေါ့လေ ကျမအထင်ပေါ့နော် ကျမ ကျမအဖေဆုံးသွားလို့ ဒီအလုပ်လုပ်တာ မှားတယ်လို့ ကျမ မထင်ဘူး သူ ဒီအလုပ်လုပ်လို့ သေသွားတယ်လို့ ကျမ နောင်တရတဲ့စိတ်ဟာ ကျမမှာဒီနေ့ အချိန်အထိ ခုချိန်ထိမဖြစ်ဘူး လုပ်ဖို့လိုလို့လုပ်တယ် သေဖို့ရှိလို့သေသွားတယ် လူတိုင်းဟာ သူရဲကောင်းဆိုတာ ဒီလိုပဲသွားကြတာပဲလေ”
Credit: DVB

အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။
https://www.youtube.com/watch?v=4jdqNhlLD7o 

0 comments:

Post a Comment