မတ်လ ၁၂ ရက်။ ရန်ကုန်ဆင်ခြေဖုံး ကြို့ကုန်းအနောက်ပိုင်းရှိ စနာဝင်း လက်ဖက်ရည်ဆိုင်တွင် စက်မှု တက္ကသိုလ် ကျောင်းသားအချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားသည်။ စက်မှုတက္ကသိုလ် ကျောင်းသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တရားခံများကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။
မတ်လ ၁၃ ၇က်။ တရားခံအား ဆိုင်ရာက လွှတ်ပေးခဲ့သဖြင့် ကျောင်းသား ၂၀၀ ခန့် ရပ်ကွက် ပြည်သူ့ကောင်စီရုံးကို သွားဝိုင်းကာ ကန့်ကွက်ကြသည်။ လုံထိန်းများဖြင့် ကျောင်းသားအုပ်စု အဓိကရုဏ်း ဖြစ်ပွားသည်။ လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးရပြီး ရက်အနည်းငယ် အကြာတွင် ကျောင်းသား ၆ ယောက်မှ ၇ ယောက်ထိ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟုဆိုသည်။
မတ်လ ၁၄ ရက်။ စက်မှု တက္ကသိုလ် ကျောင်းသား များသည် ရန်ကုန်ရှိ အခြား တက္ကသိုလ် များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေ ကြသည်။ လုံထိန်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုနှင့် စက်တင်ဘာလ ၅ ရက်နေ့က ငွေစက္ကူများ ဖျက်သိမ်းခြင်းကို ရှုတ်ချ ထားသည်။
မတ်လ ၁၅ ရက်။ အာအိုင်တီ ကျောင်းဝင်းကို စစ်တပ်မှ ဝင်စီး လိုက်သည်။ အစိုးရ၏ ထုတ်ပြန် ကြေညာချက်တွင် ကျောင်းသား များကို အပြစ်ပုံ ချထားပြီး၊ အာအိုင်တီ ကျောင်းသားအများအပြားကို ဖမ်းဆီးခဲ့သည်။
မတ်လ ၁၆ ရက်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ ကျောင်းသားများ လှိုင်ဒေသ ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ချီတက် ကြသည်။ သူတို့အား အင်းလျားကန် အနီးတွင် လုံထိန်း တပ်ဖွဲ့ဖြင့် စစ်တပ်က ပိတ်ဆို့ဖြိုခွဲ ခဲ့သည်။ ကျောင်းသား များစွာ ပစ်သတ် ခံရသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) ဝင်းထဲအထိ လုံထိန်းများ ဝင်ရောက် လာသည်။
မတ်လ ၁၇ ရက်။ မောင်ဖုန်းမော် အသုဘသို့ နောက်ဆုံး အကြိမ် ဂါဝရ ပြုရန် ထောင်ပေါင်း များစွာသော လူထုက ကြံ်တော သချိုင်း အပြင် ဘက်တွင် စုဝေး ကြသည်။ သို့သော် မောင်ဖုန်းမော် ရုပ်အလောင်းကို တနေရာတွင် တိတ်တဆိတ် မီးသဂြိုဟ် ခဲ့ပြီး ဖြစ်ကြောင်း သိလိုက် ရသည်။ အထက်ပါကိစအတွက် စုံစမ်း စစ်ဆေးရေး ကောင်မရှင် တရပ် ဖွဲ့စည်း လိုက်ကြောင်း အစိုးရက ကြေညာသည်။ သို့သော်လည်း အခြား သူများ ထိခိုက် သေဆုံးရခြင်း အတွက် စုံစမ်းရန် ဖော်ပြခြင်း မရှိပေ။ ပင်မ တက္ကသိုလ် ကျောင်းဝင်း အတွင်း ပြုလုပ်သော အစည်းအဝေး တခုတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်း လိုက်ကြသည်။ ကျောင်းသား တထောင်ခန့်ကို ဖမ်းဆီး၍ ရန်ကုန်မြို့ မြောက်ပိုင်းရှိ အင်းစိန် ထောင်သို့ ပို့လိုက်သည်။
မတ်လ ၁၈ ရက်။ ထောင်ပေါင်း များစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ်ရှိ ဆူးလေ ဘုရားသို့ ချီတက် လာကြပြီး အခြား ကျောင်းသား များဖြင့် ပူးပေါင်း ကြသည်။ အစိုးရက တပ်မ ၂၂၊ ၆၆ နှင့် ၇၇ တို့ကို ခေါ်ယူ လိုက်သည်။ ထောင်ပေါင်း များစွာသော ကန့်ကွက် ဆနပြသူ များကို ဖမ်းဆီး ကြသည်။ "သွေးစွန်းသော သောကြာနေ့" အဖြစ် လူသိ များသော ထိုနေ့တွင် လုံထိန်းတို့၏ တပ်မှူး ဦးစိန်လွင် မှာလည်း "ရန်ကုန်မြို့၏ သားသတ်သမား" ဟု အမည် စတွင် ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ ပိတ်လိုက်သည်။
မေလ ၁၀ ရက်။ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ထုတ်ဝေ ခဲ့သော စာမျက်နှာ ၇၁ မျက်နှာ ရှိသည့် အစီရင်ခံစာတွင် မြန်မာ့ တပ်မတော်သည် ဖမ်းဆီး သတ်ဖြတ်မှုများ၊ နယ်စပ် ဒေသ များတွင် ညဉ်းပမ်းမှု၊ အမျိုးသမီး များကို အဓမ္ထ ပြုကျင့်မှု များနှင့် ရွာသား များအား ပေါ်တာ အဖြစ် အတင်း စေခိုင်းကာ လူမျိုးစု သူပုန် များကို တိုက်ခိုက်ရာတွင် "လူသား မိုင်းရှင်း ကရိယာ" အဖြစ် တပ်ဖွဲ့ ရှေ့မှ သွားစေခြင်းတို့ အတွက် တာဝန် ရှိကြောင်း ဖေါ်ပြထားသည်။
မေလ ၃၀ ရက်။ ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ် လိုက်သော်လည်း ကျောင်းပြန် တက်သည့် ကျောင်းသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ တက္ကသိုလ် ကျောင်းဝင်း များ၌ အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းများ ပြန်လည် ထွက်ပေါ် လာသည်။ အင်းစိန် ထောင်မှ ပြန်လွတ် ခဲ့သော ကျောင်းသားများနှင့်အတူ ထောင်တွင်း အတွေ့အကြုံများ ပါလာသည်။ ယင်းတို့မှာ ညှဉ်းပမ်း နှိပ်စက် ခံရခြင်း၊ အရိုက်အနှက် ခံရခြင်းနှင့် ကျင်စက်ြဖင့် တို့ခြင်းတို့ ဖြစ်သည်။ အကျဉ်းကျ ခံနေရသည့် အတွင်း လုံထိန်းများက ကျောင်းသူများကို အဓမ္ထ ပြုကျင့်ခဲ့သည်ဆိုသော သတင်း များလည်း ထွက်ပေါ် လာသည်။
ဇန်ြလ ၈ ရက်။ ဦးအောင်ကြီးက ဦးနေဝင်း ထံသို့အိပ်ဖွင့်ပေးစာ နောက်ထပ် တစောင် ရေးသာ်းသည်။ ဤ တကြိမ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြသနာရပ် များကို မီးမောင်း ထိုးပြပြီး မတ်လတွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကိင်္စများကို ဖော်ပြ ထားသည်။
ဇန်ြလ ၁၃ ရက်။ မတ်လတွင် အသတ် ခံရသူများ အတွက် အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ကြသည်။ သို့သော် အကောင်အထည် မပေါ်ခဲ့။ အချို့ ကျောင်းသားများက မတ်လ အတွင်း ဖြစ်ရပ်များကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး တိကျ မှန်ကန်စွာ မထုတ်ပြန် ပေးပါက ပြသနာများ ပိုမို ကြီးထွား လာလိမ့်မည်ဟု ရာဇသံ ပေးခဲ့သည်။
ဇန်ြလ ၁၅ ရက်။ ဆိံ္ဋပြပွဲများဖြင့် စည်းဝေးပွဲများ အဓိက အားဖြင့် ရန်ကုန် တက္ကသိုလ် (ပင်မ) ၌ စတင်၍ ပေါ်လာ ပြန်သည်။
ဇန်ြလ ၁၆ ရက်။ ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆိံ္ဋပြမှုများ ထပ်မံ ဖြစ်ပွားသည်။ မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ ဦးဆောင်ဟောပြော ကြသည်။
ဇန်ြလ ၁၇ ရက်။ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆိံ္ဋပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ သင်တန်းများ ရပ်စဲ လိုက်သည်။ ဆိံ္ဋပြပွဲ များဖြင့် ဆွေးနွေးပွဲများ ပြည်လမ်း ဆေးတက္ကသိုလ် (၁) သို့ ရွေ့ပြောင်း သွားသည်။
ဇန်ြလ ၂၀ ရက်။ ရန်ကုန်မြို့တွင် ကျောင်းသား ၅၀၀၀ မှ ၆၀၀၀ အထိနှင့် လူထုများက ငြိမ်းချမ်းစွာ ဆိံ္ဋ ပြကြသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) တွင် ပြုလုပ်သော လူထု အစည်းအဝေးပွဲ များသို့ သံဃာတော်များ တက်ရောက် သည်ကို တွေ့ရ၏။ တောင်းဆိုချက် များမှာ ကျောင်းထုတ် ခံရသော ကျောင်းသား များကို ကျောင်းပြန် တက်ခွင့် ပေးရန်နှင့် မတ်လ အတွင်း သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့သူတို့အား အပြစ် ပေးရန်တို့ ဖြစ်သည်။ ဦးနေဝင်းကို ထိုးနှက်တိုက်ခိုက်သော ပိုစတာများ ထွက်ပေါ် လာသည်။ ဦးနေဝင်း၏ ဆွစ်ဇာလန် ဘဏ်တွင် ထားရှိသော ငွေစာရင်းများ အကြောင်း ကိုလည်း ဖော်ပြ ကြသည်။ ကျောင်းသား များကို စာနာ၍ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အနီးရှိ အထည်အလိပ် စက်ရုံ အလုပ်သမားများ ဆိံ္ဋ ပြကြသည်။ တက္ကသိုလ် နယ်မြေကို ရဲဖြင့် စစ်တပ်က ညနေ ၆ နာရီတွင် ဝိုင်းရံ ပိတ်ဆို့ လိုက်၏။
ဇန်ြလ ၂၁ ရက်။ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) မှ ထောင်ပေါင်း များစွာသော ကျောင်းသား များသည် ရန်ကုန် မြို့လယ်သို့ ကြွေးးကြော်သံ များဖြင့် ချီတက် ဆိံ္ဋ ပြကြသည်။ ဟံသာဝတီ လမ်းဆုံတွင် ကျောင်းသား များကို လုံထိမ်း များက တားဆီးကာ မျက်ရည်ယို ဗုံးများ၊ ရိုင်ဖယ် သေနတ် များဖြင့် ပစ်ခတ် ကြသည်။ ကျောင်းသား အုပ်စုက ဂျင်ဂလိ များဖြင့် ပြန်လည် ပစ်ခတ် ကြ၍ လုံထိန်းများ ထွက်ပြေး သွားကြ၏။ ရဲဖြင့် ပြည်သူများ အဓိကရုဏ်း တနေ့လုံး ဆက်ဖြစ် ပွားသည်။ ပြည်သူ ၈၀ ဖြင့် လုံထိန်း ၂၀ ခန့် သေဆုံး သွားသည်။ အာဏာပိုင် များက လူစုဝေးခြင်းကို ရက်ပေါင်း ၆၀ အတွင်း မပြု လုပ်ရန် ကြေညာ ခဲ့သည်။ ရန်ကုန်မြို့၌ ဂျွန်လ ၂၁ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့ အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို အာဏာပိုင် များက ထုတ်ပြန်သည်။ ဆေးတက္ကသိုလ် (၁) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များမှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။
ဇန်ြလ ၂၂ ရက်။ ဆေးတက္ကသိုလ် (၂) မှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။ ကျောင်းသား များစွာ တို့သည် သမိုင်းဝင် ရွှေတိဂုံ ဘုရားသို့ နေရာ ရွှေႚပြောင်း လိုက်ကြသည်။
ဇွန်လ ၂၃ ရက်။ ကျောင်းသား များသည် လူစုဝေးခြင်း မပြုရ ဟူသော ပိတ်ပင် တားမြစ်မှုကို ဆန့်ကျင်၍ ရွှေတိဂုံ စေတီတော်၌ သပိတ် စခန်း ဖွင့်လိုက်သည်။ လူထု မငြိမ်သက်မှုသည် ရန်ကုန်နှင့် ကီလိုမီတာ ၅၀ ကွာဝေးသော ပဲခူး အထိ ပြန့်နှံ့ သွားသည်။ ပဲခူး၌ အနည်းဆုံး လူ ၇၀ ပစ်သတ် ခံရသည်။ မော်လမြိုင်နှင့် ပြည်မြို့များတွင်လည်း ဆိံ္ဋပြမှုများ ဖြစ်ပွားသည်။ မိံ္ဈလေး ဆေးတက္ကသိုလ် သင်တန်း အားလုံး ရပ်ပစ် လိုက်သည်။
ဇူလိုင်လ ၁ ရက်။ အပြင် မထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျော့ပေါ့ ပေးလိုက်သည်။ ထိုကန့်သတ်ချိန်အတွင်း အပြင်ထွက်မိခဲ့သူ အတော် များများကို ရဲနှင့် စစ်တပ်က ပစ်သတ် ခဲ့သည်။
ဇူလိုင်လ ၇ ရက်။ မဆလ ပါတီက အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။ မြန်မာ့ အသံမှ မတ်လ အတွင်း ဖမ်းဆီး ခဲ့သော ကျောင်းသားများ အားလုံးကို ပြန်လွှတ် ပေးမည်ဟု ကြေညာသည်။
ဇူလိုင်လ ၉ ရက်။ ညမထွက်ရ အမိန့်ကို ရန်ကုန်တွင် ပြန်လည် ရုပ်သိမ်း လိုက်သည်။ ပဲခူး၊ ပြည်နှင့် မော်လမြိုင် တို့တွင်လည်း အလားတူ ပိတ်ပင် တားမြစ်ချက် များကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ကျောင်းထုတ် ခံရသော ကျောင်းသားများအား ကျောင်းပြန် တက်ခွင့် ပေးမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
ဇူလိုင်လ ၁၂ ရက်။ ဗုဒ္ဌဘာသာနှင့် မူဆလင်များ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် အရေးပေါ် အမိန့် ထုတ်ပြန် လိုက်သည်။ ထိုအဓိကရုဏ်း များမှာ လက်ရှိ တွေ့ကြုံ နေရသော ပြသနာ များကို အာရုံ ပြောင်းပစ်ရန် အာဏာပိုင် များက လှုံ့ဆော် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား များကစွပ်စွဲသည်။
ဇူလိုင်လ ၁၆ ရက်။ အလားတူ အဓိကရုဏ်း ပြည်မြို့တွင် ဖြစ်ပွားပြီး နောက်တနေ့တွင် လူသူ စုဝေးခြင်း ကို ပိတ်ပင် တားမြစ် လိုက်သည်။
ဇူလိုင်လ ၁၈ ရက်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဦးမင်းဂေါင်အား နှုတ်ထွက်ခွင့် ပြုလိုက်သည်။ မတ်လ အတွင်း အင်းစိန်ထောင် အပြင် ဘက်၌ ဖမ်းဆီး ခံရသူ ဆိံ္ဋပြသူ ၄၁ ဦး အချုပ်ကား ပေါ်၌ အသက်ရှူ ကြပ်ကာ သေဆုံး ခဲ့မှုတွင် တာဝန် ရှိကြောင်း ဝန်ခံသည်။ အာဏာပိုင် များက မတ်လအတွင်း လူနှစ်ဦးထက် ပို၍ သေဆုံး ခဲ့ကြောင်း ဝန်ခံသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။
ဇူလိုင်လ ၂၈ ရက် (ဝါဆိုလပြည့်နေ့)။ အဓိကရုဏ်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရန်ကုန်မြို့နှင့် ၃၅၄ ကီလိုမီတာ အကွာရှိ မြေထဲမြို့ (အောင်လံမြို့) တွင် ညမထွက်ရ အမိန့် ထုတ်ပြန်သည်။ ရွှေတိဂုံ ဘုရားတွင် ကျောင်းသားနှင့် အစိုးရ ဆန့်ကျင် ဆိံ္ဋပြသူများ စုရုံးကြသည်။
ဂျလြိုင် ၂၉ ရက်။ ရွှေတိဂုံ အပြင်ဘက်တွင် ကျောင်းသားများ ဆိံ္ဋ ပြကြသည်။ ထိုနေ့ ညနှောင်းပိုင်း အချိန်၌ ဦးအောင်ကြီး၊ အေပီ သတင်းထောက် ဂါဒီယန်ဦးစိန်ဝင်းနှင့် တခြား အငြိမ်းစား စစ်ဘက် အရာရှိ ၉ ဦး အဖမ်း ခံရသည်။
သြဂုတ်လ ၁ ရက်။ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ်လ ၈ ရက်နေ့တွင် တပြည်လုံး အနှံ့ အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်သည့် စာရွက် စာတမ်းများ ဖြန့်ဝေ ကြသည်။
သြဂုတ်လ ၂ ရက်။ ရွှေတိဂုံ ဘုရား အပြင် ဘက်၌ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ ဟောပြော ကြသည်။
သြဂုတ်လ ၃ ရက်။ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၌ စစ်ဥပဒေ အမိန့် ထုတ်ပြန်သည်။ ဆိံ္ဋပြသူ တသောင်းက အမိန့်ကို ဖီဆန်၍ မြို့တွင်းသို့ လှည့်လည် ဆိံ္ဋ ပြကြသည်။
သြဂုတ်လ ၅ ရက်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ရာပေါင်း များစွာသော ပြည်သူ တို့ကို ဖမ်းဆီး လိုက်သည်။ သို့သော် ဆိံ္ဋ ပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
သြဂုတ်လ ၆ ရက်။ အထက် မြန်မာနိုင်ငံတွင် ဆိံ္ဋပြမှုများ ဆက်လက် ဖြစ်ပွားကာ ရေနံချောင်း၊ သနပဍ္ဎင်နှင့် ပဲခူးမြို့ တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်သည်။
သြဂုတ်လ ၈ ရက်။ ရန်ကုန်မြို့ လမ်းပေါ်တွင် ဆိံ္ဋပြပွဲများ အများအပြား ပြုလုပ်ခြင်းဖြင့် အထွေထွေ သပိတ်ကြီးကို စတင် ကြသည်။ ထောင်ပေါင်း များစွာသော ဆိံ္ဋပြ လူထုက ဒီမိုကရေစီဖြင့် လူ့အခွင့်အရေး ရရှိရန်၊ မဆလ ပါတီ နှုတ်ထွက် ပေးရန်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ် အဆုံး သတ်ရန် တောင်းဆို ကြသည်။ တနိုင်ငံလုံးရှိ အဓိက မြို့များနှင့် အခြား မြို့ရွာ များတွင် အလားတူ ဆိံ္ဋပြပွဲများ တပြိုင်နက် ကျင်းပ ပြုလုပ် ကြသည်။ အစတွင် စစ်တပ်က လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများက မြို့တော်ခန်းမ အပြင်ဘက်ရှိ ဆိံ္ဋပြ နေကြသူ လူအုပ် ထဲသို့ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ကြသည်။
သြဂုတ်လ ၉ ရက်။ လူထု ဆိံ္ဋပြပွဲများ တနိုင်ငံ လုံးရှိ နေရာပေါင်း ၄၀ အထိ ပြန့်ကြဲ သွားသည်။ ရန်ကုန်မြို့တွင် တပ်မ ၂၂ မှ တပ်ဖွဲ့ များက ဆိံ္ဋ ပြသူများကို ပစ်ခတ် ကြသည်။ အစိုးရက ၅ ဦးသာ သေဆုံး ခဲ့သည်ဟု ပြောဆို သော်လည်း တခြား သတင်း ရပ်ကွက်များ အဆိုအရ ရာပေါင်း များစွာ သေဆုံး ခဲ့ရသည်ဟု သိရှိ ရသည်။ ထောင်ပေါင်း များစွာ အဖမ်း ခံရသည်။ သို့သော် ဆိံ္ဋပြမှုများ ဆက်လက် ဖြစ်ပွား နေသည်။ ကျောင်းများ အားလုံး ပိတ်လိုက်သည်။ စစ်ကိုင်းမြို့တွင် ရဲဖြင့် စစ်တပ်က ဆိံ္ဋ ပြနေသော လူထုကို ပစ်ခတ် ခဲ့သဖြင့် ရာပေါင်းများစွာ သေဆုံး ကြရသည်။
သြဂုတ်လ ၁၀ ရက်။ ရန်ကုန်မြို့၌ ဘရင်း ကယ်ရီယာများ ပေါ်မှ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆိံ္ဋပြသူ အမြောက်အများ သေဆုံး သွားကြရသည်။ ဆိံ္ဋ ပြသူများက စစ်သား များအား ဓာတ်ဆီဗုံး၊ ဂျင်ဂလိ၊ ဓားရှည်နှင့် လှံများ အသုံးပြုကာ ပြန်လည် တိုက်ခိုက် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ စစ်တပ်က ဆေးရုံ အမှုထမ်း များကို ပစ်ခတ်သည်။ မြောက်ဥက္ကလာပတွင် ဒေါသ ထွက်နေသော လူအုပ်ကြီးက ရဲတပ်သား တချို့အား ပထမဆုံး အကြိမ် ခေါင်းဖြတ် သတ်လိုက် ကြသည်။
သြဂုတ်လ ၁၁ ရက်။ အထွေထွေ သပိတ်ကြောင့် အစိုးရ အုပ်ချုပ်ရေးယနရားများ ရပ်ဆိုင်း သွားသည်။ စစ်တပ်များ သွားလာမှုကို ဟန့်တားရန် တားဆီး ပိတ်ဆို့မှုများ ချထား ကြသည်။ ရန်ကုန် တမြို့ တည်း၌ သေဆုံး ခဲ့သော ဆိံ္ဋ ပြသူများ အနည်းဆုံး တထောင် ရှိမည်ဟု အနောက်တိုင်း သံတမန် များက ခန့်မှန်း ကြသည်။ စစ်ကိုင်းမြို့ မြောက်ဘက်တွင် ရဲတပ်သားဖြင့် စစ်သား များက ဆိံ္ဋ ပြသူများကို ပစ်ခတ်ကြရာ အနည်းဆုံး လူ ၃၀၀ သေဆုံး ရသည်။ အမေရိကန် ဆီးနိတ် လွှတ်တော်က မဆလ အစိုးရနှင့် မြန်မာပြည်မှ လူသတ်မှု များအား ရှုတ်ချသည့် အဆိုကို တညီတညွတ်တည်း အတည် ပြုလိုက်သည်။
သြဂုတ်လ ၁၂ ရက်။ သက်တမ်း ၁၈ ရက်သာ ခံသည့် ဦးစိန်လွင်သည် သမ္ထတ ရာထူးမှ ဆင်းပေး ရသည်။ ရန်ကုန် မြို့လယ် လမ်းများ ပေါ်၌ ပြည်သူများက ပျော်ရွှင်စွာ ကခုန် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ သေနတ် ဒဏ်ရာ ရထားသည့် လူနာ များဖြင့် ပြည့်ကြပ်လျက် ရှိ၏။ ပြည်သူများက ပျော်မြူးနေသည့် တိုင်အောင် စိတ်သက်သာ စရာ မဟုတ်သော ငြိမ်သက်ခြင်းက လွှမ်းမိုးလျက် ရှိသည်။
သြဂုတ်လ ၁၅ ရက်။ သြဂုတ်လ ၉ ရက်နေ့မှ စ၍ ရန်ကုန်၊ စစ်ကိုင်းဖြင့် အခြား မြို့များတွင် လုံခြုံရေး တပ်ဖွဲ့က ကလေးများ၊ ကျောင်းသား များဖြင့် ပြည်သူ များကို သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြင့် လှံစွပ်ဖြင့် ထိုးသတ်ခြင်း တို့မှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ များကို လုံးဝ ဆန့်ကျင်ရာ ရောက်ကြောင်း ရန်ကုန် ရှေ့နေများ ကောင်စီက ထုတ်ပြန် ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားနှင့် အစိုးရ ကြားတွင် ဝင်ရောက် စေ့စပ် ပေးနိုင်ရန် အတွက် ပြည်သူ့ အတိုင်ပင်ခံ ကော်မတီ တရပ် ဖွဲ့စည်းပေးရန် အဆို ပြုလိုက်သည်။ ဦးနု၊ ဦးဝင်းမောင် အပြင် ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံ ခေါင်းဆောင် တချို့ မှာလည်း သူမ အဆိုကို ထောက်ခံ ကြသည်။
သြဂုတ်လ ၁၆ ရက်။ မြန်မာနိုင်ငံ ဆရာဝန် အသင်းက ရန်ကုန်မြို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ကန့်ကွက် လိုက်သည်။ ထိုကန့်ကွက် ခဲ့သည့် ကြေညာချက်မှာ အစစ်အမှန် မဟုတ်ကြောင်း အာဏာပိုင် များက ပြောဆိုသည်။
သြဂုတ်လ ၁၇ ရက်။ ရန်ကုန် ဆေးရုံကြီး အပြင်ဘက်၌ လူ ၃၀၀၀ ခန့် စုရုံး မိကြသည်။ ဘရင်း ကယ်ရီယာ များဖြင့် တပ်ဖွဲ့ များက ဆိံ္ဋ ပြသူများကို ဝန်းရံ ထားလိုက်သည်။ မနလေး တခွင် ဆိံ္ဋပြပွဲများ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း သတင်းများ ပေါ်လာသည်။ ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြု များက သတ်ဖြတ်မှု များကို ထပ်မံ ကန့်ကွက် ကြသည်။
သြဂုတ်လ ၁၉ ရက်။ မဆလ ပါတီ ဥက္ကဌသစ် အဖြစ် ဒေါက်တာ မောင်မောင်အား ခန့်ထား လိုက်သည်။ ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ ဆနလေ့လာရေး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်က ဖွဲ့စည်း ပေးလိုက်သည်။
သြဂုတ်လ ၂၀ ရက်။ ဆိံ္ဋ ပြသူများက ဒေါက်တာ မောင်မောင် ရာထူးမှ နှုတ်ထွက် ပေးရန်နှင့် အထွေထွေ ရွေးကောက်ပွဲ များကို ပြင်ဆင်ရန် အတွက် ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆို ကြသည်။
သြဂုတ်လ ၂၂ ရက်။ ပြည်သူပေါင်း များစွာ လမ်းပေါ် ထွက်၍ ဆိံ္ဋ ပြကြသည်။ အထွေထွေ သပိတ်ကြီးက အစိုးရ နှုတ်ထွက် ပေးရန် တောင်းဆိုသည်။ မိံ္ဈလေး၊ ဟသဿာတ၊ မကွေး၊ မုံရွာ၊ ရေဦးစသဖြင့် အထက် မြန်မာပြည် မြို့များတွင် နေ့စဉ် ဆိံ္ဋပြပွဲများ ဖြစ်ပေါ် ခဲ့သည်။
သြဂုတ်လ ၂၃ ရက်။ ဆိံ္ဋ ပြပွဲများတွင် လူထု ခြောက်သိန်း ပါဝင် ဆိံ္ဋ ပြကြသည်ဟု ခန့်မှန်း ရသည်။ အေဒီ လမ်းရှိ ဦးနေဝင်း အိမ်တွင် အရေးပေါ် အစည်းအဝေး တခု ပြုလုပ် ခဲ့ကြောင်း သတင်း ထွက်ပေါ် လာသည်။ ထို အစည်းအဝေးတွင် လူထု မငြိမ်သက်မှုကို ဖြိုခွင်းရန် တိုင်ပင်ကြံစည်ကြသည်။
သြဂုတ်လ ၂၄ ရက်။ မာရှယ်လော (စစ်ဥပဒေ) ရုပ်သိမ်း လိုက်သည်။ ရန်ကုန်မှ တပ်များ ပြန်လည် ရုပ်သိမ်း သွားသည်။ ဒေါက်တာ မောင်မောင်က တပါတီ စနစ် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ကိင်္စ အတွက် ပြည်သူ့ ဆိံ္ဋခံယူပွဲ ပြုလုပ်ပေးရန် ကတိ ပြုလိုက်သည်။
သြဂုတ်လ ၂၅ ရက်။ ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီး ခဲ့သည့် ဦးအောင်ကြီး၊ ဦးစိန်ဝင်းနှင့် အခြား သူများကို ပြန်လွှတ် ပေးလိုက်သည်။ ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်၌ ဦးအောင်ကြီး မိန့်ခွန်း ပြောရာ ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက်သည်။ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဟု ပြောမိသဖြင့် လူထုဆန့်ကျင်ခြင်း ခံရသည်။ တနိုင်ငံလုံး၌ ဆိံ္ဋပြပွဲဖြင့် လူထု စည်းဝေးပွဲများ နေ့စဉ် ပြုလုပ်သည်။ ညဘက်တွင် လက်နက်ကိုင် စစ်သားများက နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ ကျပ်သိန်း ၆၀၀ သယ်ယူ သွားသည်။ ရန်ကုန်တွင် တပ်စွဲ ထားသော တပ်ဖွဲ့ အားလုံးကို ကြိုတင်၍ လစာငွေ ခြောက်လစာ ထုတ်ပေး လိုက်သည်။ ထိုကိင်္စကို အသစ် ဖွဲ့စည်း လိုက်သော ဘဏ် အလုပ်သမား သမဂ္ဂက ကန့်ကွက် လိုက်သည်။
သြဂုတ်လ ၂၆ ရက်။ အထွေထွေ သပိတ်က လေကြောင်းနှင့် မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း များကို ရပ်ဆိုင်း လိုက်သည်။ ရွှေတိဂုံ စေတီ အပြင်ဘက်၌ ခြောက်သိန်းခန့်အင်အားရှိသော လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။
သြဂုတ်လ ၂၆ - ၂၈ ရက်။ အင်းစိန်ထောင် အတွင်း ထောင်ဆူမှု ဖြစ်ပွားသည်။ နိုင်ငံ အဝန်းရှိ မြို့ပေါင်း ၉ မြို့မှ ထောင်များ တွင်လည်း ထောင်ဆူမှုများတပြိုက်နက် ဖြစ်ပေါ် ခဲ့သည်။ အကျဉ်းသား ၉၀၀၀ နီးပါး ထွက်ပြေး ကြသည် (သို့မဟုတ်) လွှတ်ပေး လိုက်သည်။
သြဂုတ်လ ၂၇ ရက်။ ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဦးစီးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန် ဆေးရုံကြီး ရှေ့တွင် မိန့်ခွန်း ပြောကြားသည်။
သြဂုတ်လ ၂၈ ရက်။ ရန်ကုန်မြို့ တကသိုလ်ဝင်းအတွင်း ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် စစ်တပ်မှ ဗုံးခွဲဖြိုချခဲ့သည့် သမဂ အဆောက်အဦးနေရာ မြက်ခင်းပြင်တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ဖွဲ့စည်း တည်ထောင် လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး အဖွဲ့ချုပ် (ယာယီ) ကို တည်ထောင်သည်။ ယင်း အဖွဲ့တွင် ဦးတင်ဦးက အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။
သြဂုတ်လ ၂၉ ရက်။ ရှေ့နေများ၊ စာရေး ဆရာများ၊ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များ ဆိံ္ဋ ပြပွဲများတွင် ပါဝင် လာကြသည်။
သြဂုတ်လ ၃၀ ရက်။ လူထု ဆိံ္ဋပြပွဲ အများအပြား ဖြစ်လာပြီး မဆလ ပါတီဝင် ထောင်ပေါင်း များစွာ ပါတီမှ နှုတ်ထွက် ခဲ့ကြသည်။
သြဂုတ်လ ၃၁ ရက်။ အစိုးရက လမ်းပေါ်သို့ ထွက်၍ ဆိံ္ဋပြခြင်းဖြင့် စည်းဝေးပွဲများ ပြုလုပ်ခွင့် ပေးခဲ့သည်။ အနောက် ဂျာမဏီက ရန်ကုန်မှ သတ်ဖြတ်မှု များကို သဘော မတူကြောင်း ပြသရန် မာခ်ငွေ ၆၅ သန်း ထောက်ပံ့ ကူညီမှုကို ရပ်စဲ လိုက်သည်။
စက်တင်ဘာလ ၂ ရက်။ ဗဟိုတရားရုံးရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ပေးရန် တောင်းဆို ကြသည်။ ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှုမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ ဆိံ္ဋ ပြပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ မြို့ကြီး မြို့ငယ် စုစုပေါင်း ၅၀ ခန့်မှာ ဆိံ္ဋ ပြသူများ လက်ထဲ ကျရောက် သွားသည်။ ဘုန်းကြီးများက အဓိက မြို့များ၌ သပိတ်စခန်ုးများ ဖွင့်လှစ်ကာ နေ့စဉ် ပြသနာ များကို ဖြေရှင်း ပေးကြသည်။
စက်တင်ဘာလ ၃ - ၄ ရက်။ အမေရိကန် အထက်လွှတ်တော် အမတ် စတီဗင် ဂျေ ဆိုလာဇ် (Stephen J Solarz) ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
စက်တင်ဘာလ ၅ ရက်။ အတိုက်အခံ များ၏ တောင်းဆိုမှုကို လိုက်လျောရန်၊ သို့မဟုတ် ပါက အဆုံး မသတ် နိုင်သည့် ကန့်ကွက် ဆိံ္ဋပြပွဲ များကို ရင်ဆိုင်ရန် ပြည်သူများက အစိုးရအား ရာဇသံ ပေးလိုက်သည်။ အလုပ်သမား များနှင့် အစိုးရ ဝန်ထမ်း များက လွတ်လပ်သော အလုပ်သမား သမဂ္ဂ များကို ဖွဲ့စည်း ကြသည်။
စက်တင်ဘာလ ၆ ရက်။ ရဲဘော် သုံးကျိပ်ဝင် ၉ ဦးက လူထု အုံ့ကမှုကို ထောက်ခံရန် စစ်တပ်အား တောင်းဆို လိုက်သည်။ ချက်ကိုစလိုဗက်ကီးယား သံရုံး အပြင် ဘက်တွင် ဆိံ္ဋပြသူ များက ဒေါက်တာ မောင်မောင် အစိုးရထံ သဝဏ်လွှာ ပေးပို့မှုကို ကန့်ကွက် ဆိံ္ဋ ပြကြသည်။
စက်တင်ဘာလ ၇ ရက်။ အစိုးရ အဖွဲ့ နှုတ်ထွက်လျှင် နှုတ်ထွက် သို့မဟုတ်ပါက ဆိံ္ဋပြပွဲများကို ရင်ဆိုင်ရန် လူထု၏ ရာဇသံကို အစိုးရက တစုံတရာတုန့်ပြန်ခဲ့ခြင်းမရှိ။
စက်တင်ဘာ ၉ ရက်။ ဦးနုက ဦးတင်ဦး ကာကွယ်ရေး ဝန်ကြီး အဖြစ် ပါဝင်သော စင်ပြိုင် အစိုးရကို ဖွဲ့စည်းကာ မိမိသာလျှင် တရားဝင်ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေညာလိုက်သည်။ တပ်မတော် (လေ) မှ စစ်သည် စုစုပေါင်း ၂၀၀ ခန့် လူထု ဆိံ္ဋပြပွဲ များတွင် ပူးပေါင်း ပါဝင် လာကြသည်။
စက်တင်ဘာလ ၁၀ ရက်။ မဆလ ပါတီ ဒုတိယ အကြိမ် အရေးပေါ် ညီလာခံ ကျင်းပပြီး ပါတီစုံ စနစ် အောက်တွင် အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် အဆို တင်သွင်း ခဲ့ပြီး ပြည်သူ့ ဆိံ္ဋခံယူပွဲကို ပယ်ဖျက် လိုက်သည်။ တပ်မှူးဟောင်း ၃ ဦး ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးအောင်ရွှေဖြင့် ဦးစောမြင့်တို့ ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး ပါတီ (ယာယီ) မှ နှုတ်ထွက် သွားကြသည်။
စက်တင်ဘာလ ၁၁ ရက်။ ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေးက အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ရန်ကုန်မြို့ ဆိံ္ဋပြပွဲ များတွင် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင် လာကြသည်။ ပြည်သူ လူထု ထောင်ပေါင်း များစွာ ပါဝင်သည့် လူထု အုံကြွမှုကြီး များနှင့် အစာငတ်ခံ ဆိံ္ဋပြပွဲ များက၊ ဒီမိုကရေစီနှင့် ကြားဖြတ် အစိုးရကိုသာ အခိုင်အမာ တောင်းဆိုခဲ့ကြသည်။ အစိုးရ၏ အဆိုပြုချက်ကို လက်မခံကြပေ။
စက်တင်ဘာလ ၁၂ ရက်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးအောင်ကြီးတို့ ပူးတွဲ၍ ကြားဖြတ် အစိုးရ ဖွဲ့စည်းရန် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၃ ရက်။ ဂျပန်က မြန်မာပြည်သို့ မိမိ ကူညီ ထောက်ပံ့ နေမှုကို တိုင်းပြည် အခြေအနေ မအေးချမ်းမချင်း ရပ်စဲ ထားမည်ဟု ကြေညာ လိုက်သည်။ ဆိံ္ဋ ပြပွဲများ ဆက်လက် ဖြစ်ပွားသည်။
စက်တင်ဘာလ ၁၆ ရက်။ ကာကွယ်ရေး ဝန်ကြီး ဌာန အပြင် ဘက်တွင် ဆိံ္ဋ ပြသူများဖြင့် စစ်သားများ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားသည်။ ဦးအောင်ကြီးနှင့် အခြား ပုဂ္ဂိုလ်များက အခြေအနေကို ထိန်း၍ လူစုခွဲ ပေးလိုက်သည်။ စစ်သားများ ပြန်ရုပ် သွားကြသည်။
စက်တင်ဘာလ ၁၇ ရက်။ ကုန်သွယ်ရေး ဝန်ကြီး ဌာန အပေါ်မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့သော စစ်သားဆယ့်လေးဦး စလုံးမှာ နောက်ဆုံးတွင် လက်နက် ချလိုက်သည်။ အစိုးရက နှုတ်ထွက် ပေးရန်နှင့် ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေးရန် ငြင်းဆန် ခဲ့သဖြင့် ဆိံ္ဋပြမှုများ ပို၍ ပြင်းထန် လာသည်။ ကျောင်းသား အချို့မှာ လူမျိုးစု သူပုန်များ ထံမှ စစ်သင်တန်းများ တက်ရောက် နိုင်ရန်နှင့် လက်နက်များ ရရှိရန် အတွက် နယ်စပ် ဒေသ များသို့ စတင်၍ ထွက်ခွာ သွားကြသည်။
စက်တင်ဘာလ ၁၈ ရက်။ ဆိံ္ဋပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ညနေ ၄ နာရီတွင် ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲပြောင်း ယူလိုက်ပြီး နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ရေဒီယိုမှ ကြေညာသည်။ ညဘက်တွင် ပြည်သူများက တားဆီး ပိတ်ဆို့မှုများ ချထား လိုက်ပြီး ဓါတ် ကြိုးများကို ဖြတ်တောက်ကာ လမ်းမီးမှောင် ချထားခြင်းဖြင့် အပြင် မထွက်ရ အမိန့်ကို အံတုခဲ့ ကြသည်။ စစ်တပ်က ဆိံ္ဋ ပြသူများအား ပစ်ခတ်သည်။ လူ ၅ ဦးထက် ပို၍ စုဝေးခြင်း မပြုရန် အမိန့်ထုတ် တားမြစ် လိုက်သည်။
စက်တင်ဘာလ ၁၉ ရက်။ လမ်းများ ပေါ်တွင် စစ်တပ်နှင့် ဆိံ္ဋ ပြသူများ၏ တိုက်ခိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ရာပေါင်း များစွာသော ပြည်သူများမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတသတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ရန်ကုန် မြို့လည်ရှိ ဆက်သွယ်ရေးရုံး ကြေးနန်း တိုင်ကို အမည်မသိသူများက ဒုံးကျည်ဖြင့် ပစ်ခတ်သည်။ အာဏာသိမ်းစစ်တပ်က ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော် ကောင်စီနှင့် အခြား အာဏာပိုင် အဖွဲ့အစည်း များကို ဖျက်သိမ်း လိုက်သည်။
စက်တင်ဘာလ ၂၀ ရက်။ ဗိုလ်ချုပ် စောမောင်ဦးဆောင်သည့် ငြိမ်/ပိ အဖွဲ့က စစ်အစိုးရအဖွဲ့ ဖွဲ့စည်းသည်။ ဗိုလ်ချုပ် စောမောင်က ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူသည်။
စက်တင်ဘာလ ၂၃ ရက်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကို ကန့်ကွက်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက ကူညီ ထောက်ပံ့မှု များကို ဖြတ်တောက် လိုက်သည်။ ထိုင်းနယ်စပ် အနီး KNU စခန်း များတွင် ကျောင်းသား အချို့ စစ်သင်တန်း စတင် တက်ရောက် ကြသည်။
စက်တင်ဘာလ ၂၄ ရက်။ ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်း လိုက်သည်။ ဒီမိုကရေစီ လိုလားသည့် ဆိံ္ဋပြသူ များကို အစုလိုက် ဖမ်းဆီးခြင်းနှင့် လျှိုဝှက်စွာ ညဉ်းပမ်း သတ်ဖြတ်မှုများ နိုင်ငံအနှံ့ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ထိုင်း လေကြောင်း ကုမဍ္ဎဏီမှ ရန်ကုန်သို့ ပျံသန်းမှုကို ပြန်လည် စတင် သည်။ ကွန်မြူနစ် သူပုန်များက တရုတ် နယ်စပ် အနီးရှိ မိုင်းယန်းမြို့ကို သိမ်းပိုက် လိုက်ပြီး ရက်အနည်းငယ်ကြာ ထိန်းထား နိုင်ခဲ့သည်။ ပြင်းထန်သော တိုက်ပွဲများ အဆိုပါ နေရာ တဝိုက်၌ ရက်သတ္ဇပတ်ပေါင်း များစွာ ဖြစ်ပွား ခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်။ မဆလ ပါတီသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဥရောပ ဘုံဈေး အဖွဲ့ (European Community) က သတ်ဖြတ်မှုများ ရပ်တန့်ကာ ဒီမိုကရေစီ တည်ဆောက်ရန် မြန်မာ အစိုးရအား တောင်းဆို လိုက်သည်။
စက်တင်ဘာလ ၂၇ ရက်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်လိုက်သည်။
စက်တင်ဘာလ ၂၈ ရက်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျက်ဖရီ ဟောင်း (Sir Geoffrey Howe) က ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြား ခဲ့ရာ၌ မြန်မာပြည်မှ လူမဆန်စွာ သတ်ဖြတ်မှုများ အပေါ် စိုးရိမ်မိကြောင်း ပြင်းထန်သော စကားလုံးများ သုံး၍ ဝေဖန်ပြောကြားသည်။
0 comments:
Post a Comment