ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး ပြီး အမျိုးသမီးဒဏ်ရာရခဲ့သည်ဟု လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထိုဗုံးပေါက်ကွဲမှုကလူထူထပ်သော လမ်းဆုံတစ်ခုအနီးရှိ အများသုံးအိမ်သာမှာဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုက ဘယ်လိုဖြစ်ပွားခဲ့လဲဆိုတာ ယခုတိုင် မရှင်းလင်းသေးကြောင်း ၎င်းက AFP သတင်းဌာနကို ပြောခဲ့သည်။ “အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ အခြားအမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်။ ထိုဗုံးပေါက်ကွဲရာနေရာကို အာဏာပိုင်များကရှင်းလင်းပြီး ပေါက်ကွဲမှုအဖြေကိုရှာဖွေစုံစမ်းနေကြတယ်” လို့ထိုသူကထပ်လောင်းပြောဆိုသည်။ မြန်မာပြည်မှာ ဒီနှစ်အတွင်း ဗုံးပေါက်ကွဲမှုများအတော်ဖြစ်ခဲ့ပြီး အများစုမှာ အသေးစားပေါက်ကွဲမှုများဖြစ်သည်။ အာဏာပိုင်များက ထိုပေါက်ကွဲမှုများကို ပြည်ပရောက် လက်နက်ကိုင် အတိုက်အခံအုပ်စုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အပြစ်ပုံခဲ့သည်။
0 comments:
Post a Comment