Thursday, May 03, 2012

ထိုင်းရောက် ဗမာပြည်သားများ နေထိုင်ခွင့်ကဒ်ပြားရ




ကရင်လူမျိုးတွေနဲ့ တခြားလူမျိုးတွေကိုတော့ အမေရိကန် green card လိုမျိုးအမြဲတန်းနေထိုင်ခွင့်ကဒ်ပြားထုတ်ပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံမွေးတဲ့ သူတို့ရဲ့ ကလေးတွေကို ထိုင်းနိုင်ငံသား ကဒ်ပြား ထုတ်ပေးမှာဖြစ်ပါတယ်။ဒီလူတွေ ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင် လာချိန်ကစပြီး သူတို့ကို  ထိုင်းနိုင်ငံပြည်ထဲရေးဌာနက ထိုင်းအနွယ်ဖွားတွေ
ကို အဝါရောင်၊ လူမျိုးစုတွေကို အပြာရောင်၊ တခြားလူမျိုးတွေကို အစိမ်းရောင် နဲ့ပန်ရောင် ယာယီနေထိုင်ခွင့်ကဒ်ပြားတွေကို ထုတ်ပေးထားပါတယ်။ ဒီလိုကဒ်ပြားတွေ ရှိတဲ့သူတွေမှ အခုလိုအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။ သူတို့ကို ဝန်ကြီးဟောင်း တက်ဆင် အစိုးရ လက်ထက်တုန်းက တစ်ကြိမ်ပေးခဲ့ပြီး မဲဆောက်နဲ့ မဲ့လမတ် မြို့တွေက ကျန်နေတဲ့သူ ၂၅၅၀  ကိုအခုအစိုးရ လက်ထက်မှာပြန်ပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ လက်ရှိအစိုးရ ဆောင်ရွက်ပေးနေတာ ကို ထိုင်းအထက်လွတ်တော်ဥပဒေ ကိုအသုံးပြုပြီး   ပြဿနာတွေကို   လေ့လာအဖြေရှာရေး နဲ့ နိုင်ငံမဲ့  ပြဿနာတွေကို ဖြေရှင်းရေး   
 ကော်မတီ  ဥက္ကဌ  နိုင်ဆူဖွတ်  လီယက်ပရထုမ်က  ပြည်ထဲရေးဝန်ကြီးဟာ အခု   ၅၃၅ ယောက်ကိုနိုင်ငံသားပေးဖို့  လက်မှတ်ထိုးပေးလိုက်ပါပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို  ရှစ်ထောင် ကနေ ကိုးထောင်ကြား မှာကျန်ရှိနေသေးကြောင်း ဒီလူတွေအတွက်ကို လည်း ဝန်ကြီးက အမြန်ဆုံး လက်မှတ်ထိုးပေးမယ် လို့ ပြောပါတယ်။ လက်ရှိ ယာယီနေထိုင်ခွင့် ကဒ်ပြား ကိုင်ဆောင်ထားသူတစ်ယောက်က သူတို့အခြေအနေကိုပြောရာမှာ ခရီးသွားလာဖို့အခက်အခဲရှိကြောင်း၊ ကိုယ်သွားချင်တဲ့ အချိန်သွားလို့မရဘဲ ရုံးကခွင့်ပေးတဲ့အချိန်သာသွားရကြောင်းပြောပါတယ်။ permanent resident ရမယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်လို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သွားချင်တဲ့ အချိန် လုပ်ငန်းရှိတဲ့ အချိန်သွားလို့ လွယ်တဲ့အတွက် ဖြစ်ပြီး ကလေးတွေအတွက်လည်း အနာဂတ်ကောင်းတယ်လို့ပြောပါတယ်။ အခုအထက်လွတ်တော ကော်မတီက လိုအပ်တာတွေကို ပြင်ဆင်ထားတဲ့ ဖိုင်တွေကို ကိုယ်တိုင်ပြည်ထဲရေး ဝန်ကြီးဆီကိုတင်ပေးမှာ ဖြစ်တာကြောင့် ဒီနိုင်ငံမှာနေထိုင်မဲ့သေူတွေဟာ မကြာခင်မှာသူတို့တွေ အိမ်မက်ပြည့်ဝတော့မယ်ဆိုပြီး ပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ REF : BBC

0 comments:

Post a Comment