Thursday, July 18, 2013

ရွှေ့ပြောင်းလုပ်သားများ သက်ညှာစွာ နှင်ထုတ်ခံနေရ

ထိုင်းနိုင်ငံတစ်နေရာတွင် တွေ့ရသည့် ရွှေ့ပြောင်းလုပ်သား မိသားစုတစ်စု။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်းနိုင်ငံတစ်နေရာတွင် တွေ့ရသည့် ရွှေ့ပြောင်းလုပ်သား မိသားစုတစ်စု။ ဓာတ်ပုံ - အေအက်ဖ်ပီ
ရှမ်းလူငယ်အုပ်စုများနှင့် ထိုင်းလူမျိုးများအကြား ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ချင်းမိုင်ရှိ ရှမ်းရွှေ့ပြောင်း
လုပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရသည်။
ထိုင်းလူငယ်တစ်ဦး ယင်းတိုက်ခိုက်မှုတွင် အသတ်ခံရသည်ဟူသော ကောလာဟလသည် မီဒီယာ
လောကတွင် ပျံ့နှံ့ သွားသဖြင့် လူထုများ အုတ်အော် သောင်းတင်း ကန့်ကွက်ကြကာ ရဲများက
မကြုံစဖူး ဖြိုခွင်းခဲ့ရသည်။
ရွှေ့ပြောင်းလုပ်သား အဖွဲ့အစည်းများတွင် မိမိနေရပ်ဒေသကို ကျော်၍ ကမ်းလင့်ကောက်ယူသော
စီမံချက်များတွင် ဆောင်ရွက်နေသူ ကျောင်းဆရာ ဦးမျိုးအောင်က ယခင်က အလားတူ ဖြိုခွင်းမှု
များရှိသော်လည်း ယခုအဖြစ် အပျက်က ပိုကြမ်းသည်ဟု ပြောသည်။
"ဒါဟာ သိပ်ထူးဆန်းတယ်။ သူတို့မှာ မြို့ပြင်ဘက် စစ်ဆေးရေးဂိတ်တွေရှိတယ်။ သူတို့က လူတိုင်း
ကို ဖမ်းဆီးဖို့ဆန္ဒ ရှိနေကြသလိုပါပဲ"ဟု ၎င်းက ပြောသည်။
ရဲက ကောလာဟလတိုက်ခိုက်မှုနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဖြိုခွင်းမှု အတွင်းဆက်နွှယ်မှု
ရှိသည်ဆိုသည်ကို ငြင်းဆိုခဲ့သည်။
"အရာရှိတွေက တရားမ၀င်ရွှေ့ ပြောင်းလုပ်သားတွေကိုသာ ဖမ်းဆီးတာပါ။ သူတို့ဖမ်းဆီးသူတွေ
ဟာ ဇူလိုင် ၁ ရက်၊ ၂ ရက်၊ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေက ရွှေ့ပြောင်းလုပ်သား ၂၁၅ ဦး ဖမ်းဆီးခဲ့ပြီး
မော်တော်ဆိုင်ကယ် ၂၁ စီး၊ ပစ္စတိုနဲ့ သေနတ်တွေ သိမ်းဆည်းခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေမှာ
ပြစ်မှုကျူးလွန်သူတွေနဲ့ တရားဝင်အထောက်အထားမရှိ သူတွေ ပါဝင်ပါတယ်"ဟု ပြည်နယ်
ရဲအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆူသက်က ဇူလိုင် ၃ ရက်နေ့၌ ပြည်တွင်း မီဒီယာများကို
ပြောသည်။
သို့သော် ရှမ်းလူမှုအဖွဲ့ဝင်များသည် ပြစ်မှုကြီးတစ်ခု ကျူးလွန်သည်ဟု စွပ်စွဲခံရပြီးနောက် ရွှေ့ပြောင်း
လုပ်သားများ အလားတူဖယ်ရှားမှုများ အတိတ်က ပေါ်ပေါက်ခဲ့သဖြင့် ဆက်နွှယ်မှုမရှိသည်ကို
၎င်းတို့သံသယရှိကြောင်း ရွှေ့ပြောင်း လုပ်သားများက ပြောသည်။
ရှမ်းလူမျိုးအုပ်စုတစ်စုက ချင်းမိုင်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး
နောက် ၂၀၀၇ ခုနှစ်က ဖြိုခွင်းမှုသည် မကြာသေးသောကာလက ဥပမာပင်ဖြစ်သည်။
ဒေသတွင်း ပြောရေးဆိုခွင့်ရှိသူများက တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအဖြစ် မြန်မာလူမျိုး
၂၀၀ ကျော် ဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးရန် စောင့်ဆိုင်းနေရကြောင်း အတည်ပြုခဲ့သည်။
တက်ကြွလှုပ်ရှားသူများစွာက သူတို့အပေါ် ပြစ်ဒဏ်ပေးသည့်အနေဖြင့် ပြည်နှင်ဒဏ်ပေးဖွယ်ရှိသည်
ကို စိုးရိမ်မကင်းဖြစ်နေကြသည်။
ချင်းမိုင်မှ ရွှေ့ပြောင်းသူ လှုပ်ရှားမှုစီမံကိန်းဖြင့် ညှိနှိုင်းဆောင်ရွက်သူတစ်ဦးဖြစ်သူ ဆိုင်းတွန်မော့ဟန်
က ထိုင်းအာဏာပိုင်များသည် မြန်မာလူမျိုးအများစုကို နယ်စပ်သို့ မောင်းထုတ်ခြင်းဖြင့် ပြည်နှင်
ခဲ့ပြီး အထူးသဖြင့် ၎င်းတို့ကို အခြားတစ်နေရာသို့ တွန်းပို့ရာ ၎င်းတို့အား ခေါင်းပုံဖြတ်မည့်သူများ၏
လက်ထဲသို့ပင်ဖြစ်သည်ဟု ပြောသည်။
၎င်းက ထောင်ထဲတွင် လက်ရှိ ရှိနေသော ရွှေ့ ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံတွင် ပြေးစရာ
မြေမရှိသည့် စီးပွားရေး နှင့်ဆိုင်သော ဒုက္ခသည်များဖြစ်ကြ၍ ထိုင်းကိုပြန်ရန် ငွေကြေးပေးလိုကြ
သည် ဟု ပြောသည်။
NGO များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအကြား လုပ်ငန်းစဉ်သည် သက်ညှာသည့် နယ်နှင်မှု
အနေဖြင့် စကားလုံးလှလှလေးသာဖြစ်သည်။
ယင်းသည် နှစ်နိုင်ငံစလုံးတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်။
ထိုင်းအရာရှိများ၏ အမြင်အရ ယင်းလုပ်ရပ်မှ ငွေကြေးရယူ ခြင်းမရှိပါဟု လူ့အခွင့်အရေးစောင့်
ကြည့်ရေးအဖွဲ့ အာရှဌာနခွဲ၏ လက်ထောက် ဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်က ပြောသည်။
ချင်းမိုင်ဝန်းကျင်မှ ရွှေ့ပြောင်း လုပ်သားအဖွဲ့အစည်းများအား ပညာရေးနှင့် ကျန်းမာရေးပေးသည့်
ရှမ်း လူငယ်အင်အားစုအဖွဲ့၏ အဖွဲ့ဝင်များက ၎င်းတို့သည် ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်
ညှဉ်းပန်းနှိပ်စက်၍ ခြိမ်းခြောက် ငွေညှစ်ခံရသည့် အလားတူ ဇာတ်လမ်းများကို ပြောပြသော
များပြားသည့် ပြန်လာသူရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က "From the Tiger to the Crocodile: Abuse of Migrants
Workers in Thailand" အစီရင်ခံစာကိုထုတ်ပြန်သောအခါ ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး အခြေအနေ
အနည်းငယ် ပြောင်းခဲ့သည်။
ယင်း အဖွဲ့သည် နယ်နှင်မှုမှာ နယ်စပ်၏ နှစ်နိုင်ငံစလုံးမှ အုပ်စုများအတွက် ငွေကြေးဖန်တီးသည့်
ကိရိယာတစ်ခု မည်သို့ဖြစ်လာသည်ကို ရှင်းပြသည့် ရွှေ့ပြောင်းလုပ်သားများစွာနှင့် တွေ့ဆုံမေးမြန်း
ခဲ့သည်။
အစီရင်ခံစာ တစ်စိတ်တစ်ပိုင်းတွင် ဖော်ပြချက်အရ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့သည် မွိုင်မြစ်
ကို ဖြတ်၍ လှေဖြင့် နယ်နှင်ခံရသူ၊ ပွဲစားများဖြင့်တွေ့ဆုံသူ၊ ၎င်းတို့လွတ်မြောက်ရေးအတွက်
ငွေကြေးဖြင့် အလဲအလှယ်လုပ်သည့် ဒီကေဘီအေ DKBA လက်နက်ကိုင် စစ်တပ်များနှင့် တွေ့ဆုံ
ခဲ့သည်ဟု ပြောပြခဲ့သော ရွှေ့ပြောင်းလုပ်သား ဒါဇင်ဝက် နှင့် စကားပြောခဲ့ရသည်။
ပြန်ပို့ခံရသူများ လွတ်မြောက်ရေးအတွက် အလဲအလှယ်လုပ်ရာတွင် အထက်ဖော်ပြခဲ့သော ပွဲစား
များက ထိန်းချုပ်ထားသော မဲဆောက်ရှိ ဘဏ်စာရင်းအား ငွေရေး ကြေးရေး လွှဲပြောင်းမှုများကို
စီစဉ်ရာတွင် အကူအညီပေးရန် ဖမ်းဆီးခံရသော ပြန်ပို့ခံရသူများ၏ မိတ်ဆွေများ၊ ဆွေမျိုးများက
မဲဆောက်တွင် အလုပ်လုပ်နေကြသည့် အင်န်ဂျီအိုများအား မေးခွန်းထုတ်ခဲ့ကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသို့ ၀င်ရောက်ရန် ရွှေ့ ပြောင်းလုပ်သားများအတွက် တင်းကျပ်၍ ကုန်ကျစရိတ်များလွန်း
သည်။
၎င်းတို့သည် အလုပ်နေရာချထားရန်အတွက်နှင့် ခရီးသွား အထောက်အထားများအတွက်
အဆမတန်များပြားသည့် ငွေကြေးကို မပေးမနေရ ပေးရသည်။
ရွှေ့ပြောင်းလုပ်သားတစ်ဦး ပြန်ပို့ခံရလျှင်၊ သူတို့ပြန်သွားလိုလျှင် သူတို့သည် မူလလုပ်ငန်းစဉ်များကို
ထပ်မံလုပ် ဆောင်ရမည်ဖြစ်သည်။
"ရွှေ့ပြောင်း လုပ်သားတွေဟာ ထောင်ထဲမှာရှိစဉ် ထိုင်းရဲတွေနဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရဲ့
ကောင်းကောင်း အရိတ်ခံရတဲ့အတွက် အဲဒီ အခြေအနေနဲ့ကြုံတွေ့ရင် သူတို့မှာ ငွေကြေးအများကြီး
မရှိတော့ဘူး။ ဒီစာချုပ်တွေဟာ 'အခုသွား နောက်မှပေးမယ်'ဆိုတဲ့ အန္တရာယ်ရှိတဲ့ အမျိုးအစားတွေ
ဖြစ်တာကြောင့် ရွှေ့ပြောင်းလုပ်သားတွေဟာ အားနည်းချက်အဖြစ် လူကုန်ကူးမှု အဖြစ်ကို ရောက်
စေပါတယ်"ဟု ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာကို ပူးတွဲရေးသူ မစ္စတာရောဘတ်ဆင်က ပြောသည်။
"ထပ်တလဲလဲဖြစ်တဲ့ ပြဿနာကတော့ ထိုင်းရဲများစွာနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက
ရွှေ့ပြောင်းလုပ်သားတွေဟာ ဖမ်းဆီးခံရနိုင်ပြီး ခြိမ်းခြောက် ငွေညှစ်ခံရကာ ငွေညှစ်ရင် ထွက်လာ
မယ့် ATM စက်တွေနဲ့ နှိုင်းယှဉ်သွားကြောင်း" မစ္စတာရောဘတ်ဆင်က ပြောသည်။
သန်းလွင် ဘာသာပြန်သည်။
Credit The Myanmar Times

0 comments:

Post a Comment