Thursday, July 18, 2013

အိန္ဒိယ၌ ပြစ်ဒဏ်ကျခံပြီး မြန်မာ ၁၂၃ ဦး ပြန်ရောက်

အိန္ဒိယမှ ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားတစ်ဦးကို မိသားစုဝင်များက ရန်ကုန်လေဆိပ်၌ ကြိုဆိုနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အိန္ဒိယမှ ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားတစ်ဦးကို မိသားစုဝင်များက ရန်ကုန်လေဆိပ်၌ ကြိုဆိုနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့၌ တရားဝင်ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသော မြန်မာ
ရေလုပ်သား ၁၂၃ ဦးသည် ယခုလ ၁၀ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ
မြန်မာ့လေကြောင်း (အမ်အေအိုင်) ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်
ရှိလာပြီး ယင်းနေ့၌ပင် ၎င်းတို့ မိသားစုများရှိရာ နေအိမ်သို့ ကားများဖြင့် ပို့ဆောင်ပေးခဲ့သည်။
"အိန္ဒိယကနေ ရေလုပ်သားတွေ ပြန်လည်ခေါ်ဆောင်ဖို့ကို ကမ္ဘောဇနဲ့ အမ်အေအိုင်လေကြောင်း
လိုင်းတို့က အိန္ဒိယကနေ ရန်ကုန်အပြန်ခရီးစဉ်ကို ကူညီပေးခဲ့တယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ် က အဲဒီ
ရေလုပ်သားတွေ ပြန်ရောက်တာနဲ့ သူတို့ရဲ့ နေအိမ်အရောက် ခရီးစရိတ်နဲ့ အစားအသောက်စရိတ်
ကို ပါဝင်ကူညီပေးပါတယ်။
ကျွန်တော်တို့ လူမှုဝန်ထမ်းအဖွဲ့ကတော့ သူတို့ တွေပြန်လာဖို့ကို ဒီကကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က
အိန္ဒိယကို သွားပြီးခေါ်ပါတယ်။
"သူတို့တွေကို ရထားတဲ့ စာရင်းတွေနဲ့ တိုက်ကြည့်ပါတယ်။ ကျွန်တော်တို့အနေနဲ့က တကယ်
ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသား ရေလုပ်သားတွေဆိုရင်၊ စာရင်းနဲ့လည်းကိုက်တယ်ဆိုရင်
ပြန်ခေါ်လာဖို့ပါပဲ။ အဲလိုမဟုတ်ဘဲ တခြားတရားမ၀င် လူတွေပါလာရင် ကျွန်တော်တို့က ခေါ်လာလို့
မရပါဘူး" ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ကယ်ဆယ်ရေး
ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောသည်။
"ကျွန်မတို့ လေကြောင်းလိုင်းနဲ့ ကမ္ဘောဇလေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ဒီရေလုပ်သားတွေကို
ပြန်ခေါ်ဖို့ အတွက်ကမ်းလှမ်းခဲ့တာပါ။ အခုလူမှု ၀န်ထမ်းကလည်း ကျွန်မတို့ကို ခေါ်လို့ရပြီ ဆိုတော့
ကျွန်မတို့ သွားခေါ်ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့အနေနဲ့ မလေးရှားခရီးစဉ်ကို နှစ်ခေါက်နဲ့ဆို အခုလိုလှူဒါန်းတာ ဒါအပါအ၀င် သုံးကြိမ်
မြောက်ပါ။ နောက်ထပ်လည်း အိန္ဒိယရောက် ရေလုပ်သားတွေကို သွားခေါ်တဲ့နေရာမှာ အခုလို
ကူညီဖို့ အစီအစဉ်ရှိပါတယ်" ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူ ဒေါ်အေးမရသာက ပြောသည်။
ပြန်လည်ရောက်ရှိလာသော ရေလုပ်သားများထဲတွင် ဧရာဝတီတိုင်းမှ ၁၀၇ ဦး၊ တနင်္သာရီတိုင်းမှ
ကိုးဦး၊ ရန်ကုန်တိုင်းမှ တစ်ဦး၊ မွန်ပြည်နယ်မှတစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ငါးဦးတို့ဖြစ်ကြောင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ယခုကဲ့သို့ အိန္ဒိယနိုင်ငံရောက်မြန်မာ ရေလုပ်သားများအား ပြန်လည်ခေါ်ဆောင်မှုသည် ၁၉၈၉ ခုနှစ်
ခန့်လောက်မှ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်များတွင် အိန္ဒိယမှ ပြစ်ဒဏ်လွတ် မြောက်သူ
မရှိသည့်အတွက် ပြန်လည် ခေါ်ဆောင်မှုမရှိခဲ့ကြောင်းနှင့် ယခုခေါ်ဆောင်မှုမှာ ၂၀၁၃ ခုနှစ်အတွက်
ပထမဦးဆုံး အကြိမ်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ပြစ်ဒဏ်ကျခံခဲ့သည့် ရေလုပ်သား ၁၀၀ ကျော်မှာ အိန္ဒိယ ရေပိုင်နက်အတွင်း
သွားရောက်ကာ ငါးဖမ်းဆီးခြင်း၊ ပင်လယ်မျှော့ငုပ်ခြင်းများ သွားရောက်လုပ်ကိုင်ရင်း ရေပိုင်နက်
ကျူးလွန်မှုဖြင့် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ရေလုပ်သားတစ်ဦးဖြစ်သူ ကိုညီလေးက ပင်လယ်ထဲတွင် ပင်လယ်မျှော့
ငုတ်ရန်အတွက် သွားရောက်ရင်း အိန္ဒိယရေပိုင်နက်အတွင်းသို့ ရောက်ရှိကာ အဖမ်းခံခဲ့ရကြောင်း
ပြောသည်။
"ကျွန်တော်တို့ မျှော့ငုပ်ဖို့သွားရင်းနဲ့ ရောက်သွားတာပါ။ ပြစ်ဒဏ်ကတော့ နှစ်နှစ်နဲ့ ခြောက်လကျခံ
ရပါတယ်။ အဲဒီကိုရောက်နေတာတော့ သုံးနှစ်လောက်ရှိပြီ။ သူတို့ ရေပိုင်နက်ထဲ ရောက်သွားတော့
စွဲချက်တွေအမျိုးမျိုးတင်ပါတယ်။ ကမ်းတင်မှု၊ ဗီဇာ၊ ပတ်စ်ပို့နဲ့ တရားမ၀င် ငါးဖမ်းမှုအမျိုးမျိုးပေါ့။
ကျွန်တော်တို့ ဟိုမှာဘာသာစကားမတူတော့ အဆင်မပြေပါဘူး။ သူတို့တွေက အလုပ်တော့မခိုင်း
ဘူး။ တကယ်လို့ အလုပ်လုပ်ချင်ရင်လို့ လုပ်လည်း ပိုက်ဆံပေးပါတယ်။ ကျွန်တော့်အနေနဲ့တော့
ပြန်လာရတာ အရမ်းဝမ်းသာပါတယ်။ နောက်တစ်ခေါက်တော့ ဘယ်တော့မှ မသွားတော့ပါဘူး။
ဒါပေမဲ့ ဒီအကြောင်းကိုတော့ တစ်ခါတလေ အိပ်မက်မက်တဲ့အခါတော့ ရှိမှာပါ" ဟု ကိုညီလေးက
ပြောသည်။
ပြစ်ဒဏ်ကျခံရသူ အများစုသည် ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် သုံးနှစ်ဝန်းကျင်များပြီး နောက်ပိုင်းရောက်
ရှိလာသည့် ရေလုပ်သားများမှာ ထောင်ဒဏ် ပိုမိုကျနိုင်ကြောင်း ၎င်းက ပြောသည်။
"၂၀၁၀ ပြည့်နှစ်ကရောက်လာတဲ့သူတွေဆိုရင် နှစ်နှစ်ကနေ သုံးနှစ်ထိချတယ်။ ၂၀၁၁ ခုနှစ်၊
၁၂ မှာ ရောက်တဲ့သူတွေကိုတော့ သုံးနှစ်ခွဲကနေ ခုနစ်နှစ်ထိ ချတွေကိုတွေ့ရတယ်။ အခုနောက်ပိုင်း
ဆို ထောင်ဒဏ်တွေကပိုပြီး တိုးလာတာ တွေ့ရတယ်။ တချို့ဆိုရင် ၂၆ နှစ် ထိတောင် ချခံရတာ
တောင် ရှိတယ်။ အဲလိုရေပိုင်နက်ကျူးလွန်မှုနဲ့ အဖမ်းခံနေရတဲ့အထဲမှာ မြန်မာလူမျိုးတွေများတယ်"
ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ရေပိုင်နက်ကျူးကျော်မှု၊ တရားမ၀င်ငါးခိုးဖမ်းမှုများဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့၌
ပြစ်ဒဏ်ကျခံ မြန်မာရေလုပ်သား ၁,၀၀၀ ခန့် ကျန်ရှိနေခဲ့ပြီး သဘာဝဘေးအန္တရာယ်သင့်
ရေလုပ်သားများကိုမူ ပြစ်ဒဏ်မချမှတ်ဘဲ ပြန်ပို့ဆောင်ပေးသည်။
Credit The Myanmar Times

0 comments:

Post a Comment