Tuesday, July 05, 2016

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဒုတိယအကြိမ်မြောက် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ်မြောက်ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာပွဲ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဦးဆောင်ပြီး ဧပြီလ ၁၀ ရက်နေ့စ၍ ၁၆ ရက်နေ့ထိ ၇ ရက်တိုင်တိုင် မဲဆောက်မြို့ မယ်ပတောရကျောင်းဟောင်း (၀ပ်ပါကောင်)ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
 
 မဲဆောက်မြို့ဝန်းကျင်ရှိ ကျေးရွာများနှင့် စက်ရုံများက တောင်ယာအလုပ်သမားများနှင့် စက်ရုံအလုပ်သမားများစုစုပေါင်း ၂၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ပြီး ရှင်သာမဏေ ၁၅ပါး ရဟန် ၁၁ ပါး စုစုပေါင်း ၂၆ပါး အား မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။ ရှင်ပြုရဟန်းခံအလှူပွဲအားရောင်ခြည်ဦးအလုပ်သမားများဖွဲမှ မတည်အလှူငွေ၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မယ်တောင်တိုက် အလုပ်သမားများနှင့် စုပေါင်းကာ အလှူခံထွက်၍ ရရိုသော အလှူငွေများ စက်ရုံအလုပ်ရုံအလုပ်သမားများမှ စုပေါင်းကောက်ခံပြီး လှူဒါန်းသော အလှူငွေများ၊ ရဟန်းလောင်းရှင်းလောင်းများမှ ကောက်ခံရရှိသောအလှူငွေဖြင့် ကျင်းပခဲခြင်းဖြစ်ကြောင်း ရောင်ခြည်ဦးအဖွဲ့မှ ပြောကြားခဲ့ပါသည်။ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးကိုဟိန်းမှ အလှူနှင့် ပတ်သက်၍ “မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တဦးချင်းအနေနဲ့ အလှူဖြစ်မြောက်အောင်လုပ်ဖို့ အခက်အခဲ အသီးသီးရှိကြပါတယ်။ ဒါပေမယ့် အခုလို စုပေါင်းလုပ်ဆောင်လိုက်တဲ့အတွက် အလုပ်သမားတွေအချင်းချင်းကြားမှာ ပိုပြီး စည်းလုံးချစ်ခင်လာတယ်၊ ရင်းနှီးလာပြီး အခုလို စုပေါင်းလုပ်ဆောင်တာဟာ ပိုပြီးကောင်းမွန်တယ်ဆိုတဲ့ အသိကိုလည်း ရလာခဲ့စေပါတယ်။ နောက်ပြီး ကွဲကွာနေတဲ့ ရပ်ဆွေရပ်မျိုးတွေ သူငယ်ချင်းမိတ်ဆွေတွေလည်း ပြန်လည်ဆုံးဆည်းခွင့်ရတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေကိုလည်း ရရှိသွားစေပါတယ်။ မြန်မာ့ရိုးရာ သာသနာ့အမွေ ယဉ်ကျေးမှုဓလေ့ကိုလည်း ထိမ်းသိမ်းစောင့်ရှောက်ပြီးလည်း ဖြစ်သွားစေပါတယ်” ဟုပြောကြားခဲ့ပါသည်။
 
 သူကဆက်လက်ပြီး “အခက်အခဲတချို့တော့ရှိပါတယ်။ ဘာတွေလည်းဆိုရင် တချို့ ရဟန်းလောင်း ရှင်လောင်းတွေရဲ့ မိသားစုဝင်တချို့ဟာ ခိုင်မာတဲ့ သက်သေခံလက်မှတ်တွေ မရှိကြတာကြောင့် အလှူကိစ္စတွေမှာ သွားရေးလာရေး အခက်အခဲတချို့နဲ့ ရင်ဆိုင်ရပါတယ်။ တချို့ကျတော့လည်း အခုလို စုပေါင်းလုပ်ဆောင်မှုမှာ ငွေကြေးသက်သာတာမှန်ပေမယ့် အဲဒီငွေကြေးအတွက်ကို တွက်ဆလုပ်ကိုင်ရသူတွေလည်းရှိပါတယ်။” ဟုလည်း ပြောကြားခဲ့ပါသည်။ ရဟန်းလောင်းတပါး၏ မိသားစုဝင်တဦးမှလည်း “အခုလို စုပေါင်းလုပ်ဆောင်ရတဲ့ အလှူမှာ ပါဝင်ရတာကို ပျော်ပါတယ်။ ကိုယ့်တယောက်ထဲအနေနဲ့ အခုလိုမျိုး အလှူပွဲကြီးကြီးမားမားလုပ်ဆောင်ဖို့ဆိုရင် အခက်အခဲအများကြီးရှိပါတယ်။ အခုလို စုပေါင်းလုပ်ဆောင်ရတော့ ပျော်စရာလည်းကောင်းတယ်။ လှူရတာလည်း အကျိုးရှိသွားတယ်။ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
 
 ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေဖြင့် ယခုကဲ့သို့ ရိုးရာယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းသည့် လှုပ်ရှားဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလဆန်းပိုင်းက ပထမအကြိမ်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ကျင်းပသည့် အလှူပွဲလည်းဖြစ်ပါသည်။
 
 

0 comments:

Post a Comment