Tuesday, July 05, 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ ဒိန်းမတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လည်ပတ်


ဒိန်းမတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၁၆ ယောက်နှင့် ဆရာမ တယောက် ပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်အခြေဆိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာများကို ကူညီလုပ်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ ဧပြီလ ၁၈ ရက် ၂၀၁၆ ခုနှစ် နေ့လည်ပိုင်းက လာရောက်လေ့လာခဲ့ကြပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် တရားမဝင်နေထိုင်လုပ်ကိုင်စားသောက်နေရသော မြန်မာအလုပ်သမားများအကြောင်း၊ ယာယီပတ်စ်ပို့ ပြုလုပ်သည့် လုပ်ငန်းစဉ်များ၊ မဲဆောက်မြို့ရှိ အလုပ်သမားနေထိုင်မှုအခြေအနေများနှင့် အလုပ်သမားရေးရာ သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အလုပ်သမားရေးရာအထောက်အကူပြုဌာနတာဝန်ခံ ဦးစိုးမိုးမှ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့်ပတ်သက်သည့် အချက်အလက်များရှင်းလင်းပြောကြားခဲ့ပြီး၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့်ပတ်သက်သော မှတ်တမ်းရုပ်ရှင်ဇာတ်ကားအား ပြသပေးခဲ့ပါသည်။
YCOWA

0 comments:

Post a Comment