Tuesday, July 05, 2016

မေဒေးနေ့အခမ်းအနား ပြုလုပ်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်ပကျေးရွာရှိ ဝပ်ပါကောင်း(တောရဘုန်းကြီးကျောင်းဟောင်း) တွင် မေလ ၁ ရက်နေ့တွင် ကျရောက်သော မေဒေးနေ့အခမ်းအနားကို မေလ ၁ ရက် ၂၀၁၆ ခုနှစ်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် MRPWG အဖွဲ့တို့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် အဖွင့်အမှာစကားနှင့် မေးဒေးနေ့ကျင်းပရပုံ ပြောကြားခြင်း၊ စာရေးဆရာ စိုးနေလင်းမှ မေဒေးလှုပ်ရှားမှုသမိုင်းအား ဟောပြောခြင်းနှင့် အလုပ်သမားတဦးမှ ရင်ဖွင့်စကားပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှဦးဆောင်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှု့် ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ ခံစားနေရသည့် အဖြစ်အပျက်များကို အခြေခံသော သံချပ်အနုပညာဖြင့် ဖျော်ဖြေခြင်း၊ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ စည်းရုံးရေးတာဝန်ခံ ကိုဟိန်းနှင့် စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှ ဆရာမ သင်္ကြန်မိုးတိှု့မှ တက်ရောက်လာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဦးရွှေရိုး ဒေါ်မိုး အကအနုပညာဖြင့် တင်ဆက်ခဲ့ပါသည်။

မေဒေးနေ့အခမ်းအနားသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
YCOWA

 
 
 
 
 
 
 

0 comments:

Post a Comment