Monday, June 12, 2017

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် (၃)ရက်ကြာသင်တန်းပြုလုပ်

ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့Training Tem က ဦးဆောင်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အခြေခံအလုပ်သမားသမဂ္ဂပညာပေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေပြု သင်တန်းတရပ်ကို ရောင်ခြည်ဦးအလုပ်သမားရိပ်သာမှာ ဇွန်လ (၉)ရက်နေ့ကစတင်ပြီး (၃)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။   ဒီသင်တန်းကို မဲဆောက်ဒေသတွင်း အထည်ချုပ်စက်ရုံအလုပ်သမားတွေ၊ တောင်ယာလုပ်သားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ စုစုပေါင်း (၁၂)ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မဲဆောက်ဒေသတွင်း...

Monday, March 06, 2017

Friday, March 03, 2017

ပန်းရောင်ကဒ်ကိုင်ဆောင်ထားတေဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများဟာ ပွဲစားများကို မိမိနိုင်ငံမှ အထောက်အထားအတွက် ဘတ် ၇၀၀၀ ခန့်ပေးနေရ

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်ကတော့ “ ဥပဒေကိုလိုက်နာတဲ့ စက်ရုံအကြီးကြီးတွေကတော့ အလုပ်သမားတွေအပေါ်မှာ အမြတ်ထုတ်ခြင်းမရှိပေမဲ့ စက်ရုံသေးသေးလေးတွေကတော့အမြတ်ထုတ်နေကြပါတယ်။ အခုဆိုရင် ပွဲစားနဲ့ စက်ရုံတာဝန်ရှိသူတို့ဟာ CI အတွက် ဘတ်ငွေ ၆၀၀၀ နဲက ၇၀၀၀ ကြားအလုပ်သမားတွေကို ကောက်ခံနေကြပါတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်က မြန်မာတိုင်း(မ်) ကိုပြောကြားခဲ့ပါတယ်။  “ပန်းရောင်ကဒ် နဲ့ အခြားယာယီအထောက်အထား ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများဟာ CI ကိုကူးပြောင်းတော့မယ်ဆိုရင် CI...

Thursday, March 02, 2017

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် မယ်တောင်တိုက်နယ် ဖထောင်းရပ်ရှိ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ လုပ်ငန်း ခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ကစတင်ကာ (၂)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။   အဆိုပါ သင်တန်းကို မယ်တောင်တိုက်နယ်အတွင်းမှာရှိတဲ့ စက်ရုံအလုပ်သမားအများစုပါဝင်ပြီး တောင်ယာစိုက် ပျိုးရေးလုပ်သားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ...

Friday, February 24, 2017

မြန်မာအမျိုးသမီး ၃ ဦး ဂျပန်အလုပ်သမားဥပဒေအရ ဖမ်းဆီးခံရ

ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာအမျိုးသမီး ၂ ဦးနဲ့ အလုပ်လက်ခံသွင်းပေးသူ အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးနဲ့ ဆိုင်တာဝန်ခံ ဟီရိုဆဲ့ ယူဂျီ စံ ၄၂ နှစ် စုစုပေါင်း ၄ ဦးကို တရားမ၀င် အလုပ်လုပ်မှု၊ ခိုင်းစေမှုတို့နဲ့ ဆိုင်တမ ခရိုင်အတွင်းက ထမင်းဘူးဆိုင်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်လုပ်ခွင့် မရှိသေးချိန် ၂၀၁၅ ခုနှစ် ၁၁ လ ပိုင်းကစလို့ အခုလအထိ အဆိုပါ ဆိုင်မှာ အလုပ်လုပ်ကိုင်စေခဲ့တာဖြစ်ပြီး...

Tuesday, February 14, 2017

ဘတ်ဂျက် ခွဲတန်း အသုံးချမှု

ဘတ်ဂျက်မှုဝါဒဟာ တိုင်းပြည်တစ်ပြည်အတွက် အရမ်းကိုအရေးကြီးပါတယ်။ အစိုးရဟာ အခန်းဏ္ဍအားလုံးကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ အသုံးစာရင်းမှုဝါဒကို သေသေချာချာဖန်တီးဖို့လိုပါတယ်။ ဒါပေမဲ့ဘတ်ဂျက်ခွဲတမ်းချမှုဟာမြန်မာနိုင်ငံလို လိုတာထက်ပိုလျော့နေတဲ့နိုင်ငံအတွက်တော့ခေါင်းကိုက်စရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းလည်းလာတဲ့၂၀၁၀ ခုနှစ်မှစပြီး လူတော်တော်များများဟာ ဘက်ဂျက်ခွဲတမ်းချမှုအပေါ်မှာ စိတ်ဝင်စားမှုစတင်လာခဲ့ပါတယ်။ ပြည်သူတွေကလည်း အသုံးစာရင်းနဲ့ ငွေတွေဘယ်လိုသုံးနေလဲဆိုတာကို ဝေဖန်တတ်နေပါသည်။ အရင်တုန်းကဆို ကာကွယ်ရေးစစ်အသုံးစရိတ်နဲ့...

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး၊ အလုပ်သမားသမဂ္ဂပညာရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်းပြုလုပ်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး၊ အလုပ်သမားသမဂ္ဂပညာရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တနေရာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး သုံးရက်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို တောင်ယာ အလုပ်သမား ဆောက်လုပ်ရေးအလုပ်သမား စက်ရုံအလုပ်သမားတွေ အပါအ၀င် စုစုပေါင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆရာ (၄)ဦးက ဦးဆောင်ဆွေးနွေး သင်တန်းပေးခဲ့တာဖြစ်ပါတယ်။  ...